တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ၁၀၀ ကီလိုဂရမ်အလေးချိန်ရှိ ဝိတ်ပိပြီး အသက်ဆုံးရှုံးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့က Gym တစ်ခုမှာ ကြာသပတေးနေ့ ညနေ ၃ နာရီခန့်က ဖြစ်ပွားခဲ့တာပါ။
Mr Zhang လို့အမည်ရတဲ့ အဆိုပါ အမျိုးသားဟာ Gym ရုံမှာ ဘယ်သူမှမရှိခင် သူတစ်ယောက်တည်း ဝိတ်မတဲ့ခုံပေါ်မှာလှဲပြီး အလေးချိန်ကီလိုဂရမ် (၁၀၀) ရှိတဲ့ အလေးကိုမတယ်လို့ ဆိုပါတယ်။ သူဟာ ဝိတ်အရိုးတံကို ရင်ဘတ်ပေါ်တင် မနေရင်း လည်ပင်းပေါ်ကို လျှောကျသွားပြီး ပိမိသွားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဖြစ်စဉ်ဟာ ၂၅ စက္ကန့်လောက်ပဲကြာပြီး Zhang ဟာ သူ့ကိုယ်သူ လွတ်မြောက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက် Gym ဝန်ထမ်းနှစ်ယောက်က တွေ့သွားပြီး Zhang အပေါ်က ဝိတ်ကို အမြန်ဖယ်ရှားခဲ့ပေမယ့် သူ့ရဲ့အသက်ကို မမီလိုက်ပါဘူး။ သေဆုံးသူ Zhang ဟာ အရင်ကတည်းက အချိန်ရရင်ရသလို Gym မှာ အမြဲဝိတ်မနေသူလည်း ဖြစ်ပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေက အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သတင်း အရင်းအမြစ်៖ Source- Nst