မကျက်တကျက် တီလားပီးယားငါးကို စားခဲ့မိလို့ ခြေလက်တွေ ဖြတ်တောက်ခဲ့ရတဲ့ အမျိုးသမီး

//s9.kh1.co/dd/dde06bff253498d744cbb43286eceb33b919895e.jpg
နေ့စဉ်သတင်းများ

 ၁၉-စက်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၈ လ က

မကျက်တကျက် တီလားပီးယားငါးကို စားခဲ့မိလို့ ခြေလက်တွေ ဖြတ်တောက်ခဲ့ရတဲ့ အမျိုးသမီး

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်က အသက် ၄၀ နှစ်အရွယ် လော်ရာဘာရာဂတ်စ် ဆိုသူ အမျိုးသမီးဟာ မကျက်သေးတဲ့ တီလားပီးယားငါး (Tilapia) ကို စားသုံးပြီးနောက် ရောဂါပိုးဝင်ပြီး သူမရဲ့ ခြေလက်အင်္ဂါအားလုံးကို ဖြတ်တောက်ခဲ့ရပါတယ်။ 

https://s9.kh1.co/__image/w=650,h=596,q=100/7d/7de852d70cb6f7c8c0152bbd2b30e2a3a843f32c.jpg

လော်ရာဘာရာဂတ်စ် ဟာ ပြီးခဲ့တဲ့ ဇူလိုင်လလောက်က  မြို့မှာရှိတဲ့ ဈေးထဲကနေ တီလားပီးယားငါး ကို ဝယ်ယူခဲ့ပြီး ငါးကိုမကျက်တကျက် ချက်ပြုတ်ကာ ညစာကို တစ်ယောက်တည်း စားသောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တီလားပီးယားငါးကို စားပြီး နောက်ရက်တွေမှာတော့ သူမဟာ အပြင်းဖျားခဲ့တာကြောင့် ဆေးရုံတက် ခဲ့ရပါတယ်။

https://s9.kh1.co/__image/w=634,h=423,q=100/13/134eb9b8c1d367912437133d72f4a7ce7bc6f469.jpg

အသက်အန္တရာယ် ဆိုးရိမ်ရတဲ့ အခြေအနေတွေဖြစ်လာခဲ့တာကြောင့် အောက်ဆီဂျင်တောင်ပေးခဲ့ရပါတယ်။ နောက်ိပုင်းမှာတော့ သူမရဲ့ ရောဂါအခြေအနေက ပိုပိုဆိုးလာပြီး ခြေချောင်း၊လက်ချောင်းတွေကလည်း တဖြည်းတဖြည်းနဲ့ မည်းလာသလို ကျောက်ကပ်လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ဆေးရုံမှာ ၁ လခွဲလောက်ကြာပြီးတဲ့နောက် သူမရဲ့ အသက်ကို ကယ်ဖို့ မည်းနက်နေတဲ့ ခြေလက်အင်္ဂါအားလုံးကို ဖြတ်တောက်လိုက်ရပါတယ်။ 

https://s9.kh1.co/__image/w=650,h=472,q=100/1d/1dd7c98c34f4e5e03f62a8ffc62bb0764b898505.jpg

ဆရာဝန်တွေကတော့ သူမဟာ တီလားပီးယားငါးကနေတစ်ဆင့် ပင်လယ်ရေများမှာ တွေ့ရလေ့ရှိတဲ့  အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ Vibrio vulnificus ဘက်တီးရီးယားပိုး ကူးစက်ခံထားရတာလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ 

https://s9.kh1.co/__image/w=650,h=435,q=100/17/1779dc27be1dc0b85b0d181cef288edc91ad561d.jpg

အဆိုပါ Vibrio vulnificus ဟာ ပူနွေးတဲ့ရေတွေမှာ ပေါက်ပွားကြတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးဖြစ်ပြီး ရောဂါပိုးကူးစက်ခံတဲ့ လူနာဟာ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊  အဖျားတက်ခြင်းစတဲ့ လက္ခဏာများကို ခံစားရတဲ့အပြင် အသက်ဆုံးရှုံးစေတဲ့အထိ ဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနမှ ကျန်းမာရေးအကြံပေးချက်မှာတော့ ပင်လယ်ထဲ ထိခိုက်ဒဏ်ရာ မရအောင် ဂရုစိုက်ဖို့နှင့် ပင်လယ်စာတွေကို အစိမ်းမစားကြဖို့ သတိပေးထားခဲ့ပါတယ်။ 

သတင်း အရင်းအမြစ်Source - WorldForum

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T