အမေရိကန်ပြည်ထောင်စု ၊ နီဗားဒါးပြည်နယ်၊ ရီနိုမြို့မှာ ကျင်းပတဲ့ အမျိုးသားချန်ပီယံရှစ် လေကြောင်းပြိုင်ပွဲမှာ ပြိုင်ပွဲဝင်နေတဲ့ လေယာဉ် ၂ စင်း တနင်္ဂနွေနေ့က လေယာဉ်တွေ ဆင်းသက်နေစဉ် တိုက်မိခဲ့လို့ လေယာဉ်မှူး ၂ ဦး သေဆုံးခဲ့တယ်လို့ ရီနို လေကြောင်းပြိုင်ပွဲ အဖွဲ့က ပြောကြားပါတယ်။


အဆိုပါ လေကြောင်းပြိုင်ပွဲဟာ နီဗားဒါးမြောက်ပိုင်းက သဲကန္တာရရှိ ရီနိုစတက်ဒ်လေဆိပ်မှာ ၅ ရက်တာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံး ပြိုင်ပွဲအပြီး ဆင်းသက်ချိန် မွန်းလွဲ ၂ နာရီခန့်မှာ လေယာဉ်နှစ်စင်း တိုက်မိခဲ့ပြီး လေယာဉ်မှူး ၂ ဦးစလုံး သေဆုံးခဲ့တာကြောင့် ပြိုင်ပွဲကို ရပ်နားခဲ့ရတယ်လို့ ဆိုပါတယ်။

အမျိုးသားချန်ပီယံရှစ် လေကြောင်းပြိုင်ပွဲကို ရီနိုမြို့မှာ ၁၉၆၄ ခုနှစ်ကတည်းက ကျင်းပခဲ့တာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်ကလည်း ရီနိုလေကြောင်းပြိုင်ပွဲမှာ ၄ ရက်အတွင်း လေယာဉ်မှူး ၃ ဦး သေဆုံးခဲ့သလို ၂၀၁၁ ခုနှစ်မှာလည်း ပြိုင်ပွဲဝင် လေယာဉ်ပျက်ကျမှုခဲ့လို့ ကြည့်ရှုသူ ၁၀ ဦးနှင့် လေယာဉ်မှူး ၁ ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်များရှိခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Source - Nytimes