ဘရာဇီးနိုင်ငံ၊ Barcelos မြို့မှာ ကမ္ဘာလှည့်ခရီးသည်များ တင်ဆောင်လာတဲ့ လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံတကာ သတင်းတွေက ရေးသားဖော်ပြထားပါတယ်။

အဆိုပါ လေယာဉ်မှာ ခရီးသည် ၁၂ ဦးအပါအဝင် လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူး တစ်ဦးတို့ လိုက်ပါလာခဲ့ပြီး ပျက်ကျမှုမှာတော့ အသက်ရှင်ကျန်ရစ်သူမရှိဘူးလို့ ဘရာဇီးပြည်သူ့ကာကွယ်ရေးဌာနက ပြောကြားခဲ့ပါတယ်။


CNN Brasil ရဲ့ ဖော်ပြချက်မှာ ခရီသည်တွေဟာ အပန်းဖြေငါးဖမ်းဖို့ နေရာကို သွားရောက်တာဖြစ်ပြီး လေယာဉ်ဆင်းသက်ချိန်မှာ ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျတာလို့ ဆိုပါတယ်။ အာဏာပိုင်တွေကတော့ သေဆုံးသူတွေရဲ့ အမျိုးအမည်များကို အသေးစိတ် ပြောကြားခြင်း မရှိပေမယ့် လေယာဉ်ပျက်ကျရသည့်အကြောင်းအရင်းကို စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Source -CNN Brasil