လစ်ဗျား ရေလွှမ်းမိုးမှုအပြီး တစ်ပတ်အကြာမှာ သေဆုံးသူ ဦးရေ ၃,၂၅၂ ဦးထိ မြင့်တက်လာ

//s9.kh1.co/3f/3f967024ffeafe19a86842a78ea9cd33969192b6.jpg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၁၀ လ က

လစ်ဗျား ရေလွှမ်းမိုးမှုအပြီး တစ်ပတ်အကြာမှာ သေဆုံးသူ ဦးရေ ၃,၂၅၂ ဦးထိ မြင့်တက်လာ

လစ်ဗျားနိုင်ငံ ဒါနာမြို့မှာ ရေလွှမ်းမိုးမှုဖြစ်ပြီး တစ်ပတ်အကြာမှာ သေဆုံးသူဦးရေ မြင့်တက်လာခဲ့သလို အသက်ရှင်ကျန်ရစ်သူတွေကို ကူညီဖို့ အာဏာပိုင်တွေက အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေက ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေနှင့် ရွှံ့နွံများဖုံးလွှမ်းနေတဲ့ စွန့်ပစ်မြေစာပုံများအောက် ပိတ်မိနေနိုင်တဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=367,q=100/61/61fe99c4b6168e7ce3c4291c8c03fab507cc5599.jpg

ကုလသမဂ္ဂအေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ဒါနာမြို့တစ်ခုတည်းတင် ရေလွှမ်းမိုးမှုကြောင့် လက်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်နေကြသူ လူဦးရေ ၃၀,၀၀၀ ကျော်ရှိနေပြီး ဝမ်းလျှောခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းနှင့် အာဟာရချို့တဲ့အခြေအနေကို ကြုံတွေ့နေရတာကြောင့် သောက်ရေသန့် ၊ အစားအစာ၊ အမိုးအကာနှင့် အခြေခံရိက္ခာများ လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

https://s9.kh1.co/__image/w=650,h=367,q=100/27/27e1ffb96207a9382f5128112903570ceb1acc9c.jpg

လစ်ဗျားအရှေ့ပိုင်း ကျန်းမာရေးဝန်ကြီးရဲ့ အဆိုရ ဒါနာမြို့မှာ သေဆုံးသူဦးရေ ၃,၂၅၂ ဦးရှိတယ်လို့ အတည်ပြုပြောဆိုခဲ့ပြီး လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂရုံးက တနင်္ဂနွေနေ့က ဖော်ပြချက်မှာ ဒါနာမြို့တစ်ခုတည်းတင် ပျောက်ဆုံးနေသူ ၁၀,၁၀၀ ရှိသေတာကြောင့်  သေဆုံးသူဦးရေဟာ ၁၁,၃၀၀ အထိ မြင့်တက်လာနိုင်ကြောင့် ခန့်မှန်ထားခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=367,q=100/8f/8fee203896ece86897ed90ca4b5bcc086a58025a.jpg
https://s9.kh1.co/__image/w=650,h=367,q=100/00/00c241fb3dab55b6cc77549e87d38b75f18d6764.jpg

လက်ရှိမှာ သဘာဝဘေးအန္တရာယ်ခံစားခဲ့ရတဲ့ လစ်ဗျားနိုင်ငံကို ပြင်သစ်၊ အီရန်၊ မော်လ်တာ၊ ရုရှား၊ တူနီးရှား၊ တူရကီနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့က လိုအပ်တဲ့ ကယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။ 

သတင်း အရင်းအမြစ်Source - CNA

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T