ကလေး ၇ ယောက်ကို သတ်ဖြတ်ခဲ့ပြီး နောက်ထပ် ၆ ဦးကို သတ်ဖို့ ကြိုးပမ်းခဲ့တဲ့ အသက် ၃၃ နှစ်အရွယ် ဗြိတိန်သူနာပြု လူစီ လက်ဘီကို ပြစ်မှုထင်ရှားမှုကြောင့် တရားရုံးက ပြီးခဲ့တဲ့လမှာ ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပါတယ်။


လူစီ လက်ဘီဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က အင်္ဂလန်နိုင်ငံမြောက်ပိုင်းရှိ "Countess of Chester" ဆေးရုံမှာ မွေးကင်းစကလေးငယ် ၇ ဦးကို ပါးစပ်ထဲ ရက်ရက်စက်စက် လေထိုးထည့်ခြင်းအပါအဝင် အသက်သေဆုံးစေတဲ့အထိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက တရားရုံးက သူမအပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါ သူနာပြုဆရာမကို ထောင် တစ်သက်ချက်မှတ်လိုက်တာ ဖြစ်ပါတယ်။


လက်ရှိမှာတော့ လက်ဘီဟာ သူမရဲ့ ပြစ်ဒဏ်ကို လန်ဒန်မြို့ရှိ တရားရုံးမှာ အယူခံဝင်ဖို့ လျှောက်တင်ခဲ့ကြောင်း တရားရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူမ အယူခံဝင်ရမည့်ရက်ကိုတော့ မသတ်မှတ်ထားရသေးဘူးလို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Source - CNA