Time မဂ္ဂဇင်း ရဲ့ ကမ္ဘာ့လူငယ် ခေါင်းဆောင် ၁၀၀ စာရင်းမှာ ပါလာတဲ့ Move Forward ပါတီ ခေါင်းဆောင် ပီတာ

//s9.kh1.co/3d/3d2464dc579b3196e11d829c786122bd8caec63b.jpg
နေ့စဉ်သတင်းများ

 ១៥-កញ្ញា-២០២៣ ១១ព្រឹក · ៣ ឆ្នាំមុន

Time မဂ္ဂဇင်း ရဲ့ ကမ္ဘာ့လူငယ် ခေါင်းဆောင် ၁၀၀ စာရင်းမှာ ပါလာတဲ့ Move Forward ပါတီ ခေါင်းဆောင် ပီတာ

Time မဂ္ဂဇင်း ရဲ့ ကမ္ဘာ့ လူငယ် ခေါင်းဆောင် ၁၀၀ စာရင်းထဲမှာ Move Forward ပါတီ ခေါင်းဆောင် ပီတာ ပါလာခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။ Move Forward ပါတီ ခေါင်းဆောင် ပီတာဟာ မေလက ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် လွှတ်တော်ရဲ့ ဥပဒေပြဌာန်းချက်တွေအရ ဝန်ကြီးချုပ်ဖြစ်ဖို့ ပိတ်ပင်ခံခဲ့ရပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/8d/8df5065387d7b4aebaaa5fe3816688c424ea8e6f.jpg

Time မဂ္ဂဇင်းက ဖော်ပြချက်မှာ ပီတာဟာ ရွေးကောက်ပွဲမှာ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အတွက် ကမ္ဘာ့လူငယ်ခေါင်းဆောင် စာရင်းထဲ ထည့်သွင်းခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် Move Forward ပါတီဟာ လက်ရှိမှာ အတိုက်အခံ ပါတီ အဖြစ်ရပ်တည်နေပေမယ့် အသက် ၄၃ နှစ်အရွယ် ပီတာဟာ အနာဂတ်မှာ ဝန်ကြီးချုပ်ဖြစ်ဖို့ အလားအလာ ရှိတယ်လို့ ထက်လောင်းပြောပါတယ်။ 

https://s9.kh1.co/__image/w=650,h=438,q=100/53/53e5358e83126e78630d0c9baf9bbdf6959bf4b0.jpg

Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့လုံးဆိုင်ရာ လူငယ် ခေါင်းဆောင် ၁၀၀ စာရင်းကို အနုပညာရှင်၊ ကျွမ်းကျင်ပညာရှင်၊ တီထွင်ဆန်းသစ်သူ၊ ဥပဒေ ပညာရှင်နဲ့ ခေါင်းဆောင် ဆိုတဲ့ ကဏ္ဍ ငါးခုနဲ့ ရွေးချယ်ခဲ့တာလို့ သိရပါတယ်။ 

သတင်း အရင်းအမြစ် Source - Bangkokpos

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T