မဒါဂတ်စကာ မြို့တော် အန်တာနာနာရီဗိုရှိ အားကစားကွင်းတစ်ခုမှာ သောကြာနေ့ (သြဂုတ် ၂၅ ရက်)က လူအုပ်ပြိုကျမှုကြောင့် ကလေးငယ် ၇ ဦး အပါအဝင် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ကြက်ခြေနီနှင့် ဒေသခံလွှတ်တော်အမတ်တစ်ဦးက ပြောကြားခဲ့ပါတယ်။


အဆိုပါ ပြိုင်ပွဲဟာ အိန္ဒိယသမုဒ္ဒရာကျွန်းဆိုင်ရာ အားကစားပြိုင်ပွဲ အဖွင့်ပွဲအခမ်းအနားဖြစ်ပြီး ပရိသတ် ၅၀၀၀၀ ဝန်းကျင်လောက်က ကစားကွင်းရဲ့ အဝင်ပေါက်မှာ လူအုပ်ပြိုကျမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ လူအုပ်ပြိုကျမှုကြောင့် ကနဦး သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူမှာ လူ ၈၀ ခန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။


ကြက်ခြေနီအသင်းရဲ့ ပြောကြားချက်မှာတော့ မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကို ချက်ချင်းမသိရသေးပေမယ့် သေဆုံးသူ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အဆိုပါ ကစားပြိုင်ပွဲဟာ အိန္ဒိယသမုဒ္ဒရာအနောက်တောင်ပိုင်းရှိ ကျွန်းများမှာ ၄ နှစ် (၁) ကြိမ် ကျင်းပနေကြတာလို့ သိရပါတယ်။
သတင်း အရင်းအမြစ်៖ Source - CNA