ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်မှုအများစုမှာ မြို့တော်ဘန်ကောက်က အဖြစ်များနေတယ်လို့ သိရပါတယ်။ ရောဂါထိန်းချုပ်ရေးဌာန (DDC) ရဲ့ ထုန်ပြန်ချက်မှာ ယခုနှစ်အတွင်း မျောက်ကျောက်ရောဂါ (mpox) ကူးစက်ခံရသူ ၂၁၇ ဦးရှိခဲ့ပြီး အများစုမှာ ဘန်ကောက်ကဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါဟာ နိုင်ငံခြားသားတွေမှာ ဖြစ်ပွားမှုတွေ့ရပေမယ့် ယခုနှစ်မှာတော့ ထိုင်းနိုင်ငံသားများ ပိုပြီးအဖြစ်များလာခဲ့တာ ဖြစ်ပါတယ်။ မျောက်ကျောက်ရောဂါဟာ ထိတွေ့မှုကနေတစ်ဆင့် ကူးစက်တာဖြစ်ပြီး အဖုအပိမ့်များထွက်ခြင်း၊ ဖျားနာခြင်းများအပါအဝင် ခေါင်းကိုက်ခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် မျောက်ကျောက်ရောဂါကူးစက်ခံရသူ အများစုမှာ လိင်တူဆက်ဆံသည့် အသိုင်းအဝိုင်းတွေက ဖြစ်တာကြောင့် HIV ရောဂါပိုးလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။


ယခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ သြဂုတ် ၁၅ ရက်အတွင်း ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၂၁၇ ဦးရှိခဲ့ပြီး အဲ့ဒီထဲမှာ လူ ၃၀ က နိုင်ငံခြားသားတွေဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - Thethaiger