နည်းပညာစီးပွားရေးသမား အီလွန်မတ်စ်ခ်ကတော့ Meta ရဲ့ CEO ဇူကာဘတ်နှင့် လှောင်အိမ်ထဲမှာ ယှဉ်ပြိုင်ထိုးသတ်ပွဲစဉ်ကို ယခင်က Twitter လို့လူသိများတဲ့ X မှာ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောကြားခဲ့ပါတယ်။


ဒါ့အပြင် သူတို့နှစ်ဦး ယှဉ်ပြိုင်တဲ့ ပွဲစဉ်ကနေ ရရှိတဲ့ ဝင်ငွေအားလုံးကို စစ်မှုထမ်းဟောင်းများအတွက် ပရဟိတအဖြစ် လှူဒါန်းမည်"လို့လည်း ဆိုခဲ့ပါတယ်။ ယှဉ်ပြိုင်ထိုးသတ်မယ့်နေရာကတော့ ယခင်က သတ်မှတ်ထားတဲ့ နီဗားဒါးရှိ UFC Apex ဖြစ်ပေမယ့် ထိုးသတ်သွားမယ့် ရက်ကိုတော့ တိတိကျကျ ပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။

အီလွန်မတ်စ်ခ် နှင့် ဇူကာဘတ် တို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက နာမည်ကျော်တိုက်ခိုက်ရေးသမားတွေနဲ့ လေ့ကျင့်နေတဲ့ ပုံရိပ်တွေကို သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဖော်ပြကြပါတယ်။
သတင်း အရင်းအမြစ်៖ Source - CNA