တောင်ကိုရီးယားနိုင်ငံ ချွန်ဂျူမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မီတာ ၄၃၀ အရှည်ရှိတဲ့ မြေအောက်ဥမင်လိုဏ်ခေါင်း ရေနစ်မြှုပ်မှုအတွင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကယ်ဆယ်ရေးသမားများက နောက်ဆုံးအလောင်းကို ပြန်လည်တွေ့ရှိပြီးနောက် တနင်္လာနေ့ (ဇူလိုင် ၁၇ ရက်) နှောင်းပိုင်းမှာ ပြီးဆုံးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မြေအောက်ဥမင်လိုဏ်ခေါင်းဟာ စနေနေ့နံနက်က ရေများဝင်ရောက်ခဲ့ပြီး ဘတ်စ်ကား အပါအဝင် စုစုပေါင်း ယာဉ် ၁၇ စီး ပိတ်မိခဲ့တာကြောင့် အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ကိုရီးယားမိုးလေဝသဌာနက ဗုဒ္ဓဟူးနေ့အထိ မိုးသည်းထန်စွာရွာသွန်းမယ်လို့ ခန့်မှန်းထားပြီး ပြည်သူတွေကို အပြင်မထွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူ ၄၁ ဦး သေဆုံးပြီး လူ ၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး အများစုမှာ မြေပြိုခြင်း နှင့် ရေလျှံနေတဲ့ ရေလှောင်ကန်ထဲသို့ ပြုတ်ကျခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားဟာ ယမန်နှစ်ကလည်း စံချိန်တင်မိုးရွာသွန်းမှုနှင့် ရေကြီးမှုဒဏ်ကို ခံခဲ့ရပြီး လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ Source - CNA