TikTok မှာ နာမည်ကြီးနေတဲ့ ထိုင်းဆေးရုံတစ်ရုံက ဧည့်ကြို ခွေးလေး

//s9.kh1.co/fa/fa18c50ee3759472996f9feeef57cc66618d15ce.jpg
နေ့စဉ်သတင်းများ

 ၀၇-လိုင်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

TikTok မှာ နာမည်ကြီးနေတဲ့ ထိုင်းဆေးရုံတစ်ရုံက ဧည့်ကြို ခွေးလေး

လက်တလော ထိုင်း TikTok မှာ ခွေးလေး Bami ရဲ့ ဗီဒီယိုဖိုင်ကတော့ လူကြိုက်များ ရေပန်းစားနေတာ တွေ့ရပါတယ်။ ခွေးလေး Bami ဟာ ဘူရီရမ်ပြည်နယ်၊ နောင်ဒန် ခရိုင်ရှိ ဆေးရုံတစ်ရုံမှာ သမားရိုးကျမဟုတ်တဲ့ ဝန်ထမ်းတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ သူဟာ ဆေးရုံဧည့်သည်တွေကို ချစ်စရာအပြုအမူတွေနဲ့ ဧည့်ဝတ်ကျေပွန်တာကြောင့်  TikTok မှာ လူအများရဲ့ ချီးကျူးခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=487,q=100/63/63a59d6121248231141d429e0fb46527315f47cc.jpg
https://s9.kh1.co/__image/w=650,h=434,q=100/ea/ea34782404cb7e9f33c9b48a2b4b2c781c5e0974.png

သူ့ရဲ့ ဗီဒီယိုဖိုင်ကိုတော့ ဆေးရုံဝန်ထမ်းတစ်ဦးက မူလကတင်ခဲ့ပြီးနောက် TikTok သုံးစွဲသူတွေကြားမှာ ရေပန်းစားခဲ့တာပါ။ ခွေးလေး Bami ဟာ နောင်ဒန်ဆေးရုံမှာ တရားဝင်နေထိုင်သူဖြစ်ပြီး တစ်နှစ်သားအရွယ် Pitbull မျိုးစပ်ခွေးလေး ဖြစ်ပါတယ်။ သူဟာ လူနာများနှင့်ဧည့်သည်များကို နေ့စဉ် နွေးထွေးစွာကြိုဆိုနေခဲ့တာကြောင့် နောက်ဆုံးမှာ ဧည့်ကြိုအဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=341,q=100/a9/a93652d0ec2e40ca32cd45f23c3dc2dd68b82791.png
https://s9.kh1.co/__image/w=650,h=455,q=100/0f/0f5c69a7105860be7b77dafbd492e4a60dc492a7.png

Bami ရဲ့ သခင်ကတော့ အသက် ၂၇ နှစ်အရွယ် Sirirat Duongnil လို့ ခေါ်တဲ့  ဆေးရုံရှိ ကျန်းမာရေးသိပ္ပံအရာရှိတစ်ဦးပါ။ သူမဟာ အစကအလုပ်မှာ ခွေးမွေးဖို့ အစီစဉ်မရှိခဲ့ပေမယ့်  Bami မွေးဖွားပြီးနောက်  ပြုစုစောင့်ရှောက်ပေးမည့်သူမရှိသောကြောင့် ခေါ်ယူမွေးစားခဲ့တာလို့ သိရပါတယ်။ 

https://s9.kh1.co/__image/w=650,h=327,q=100/47/4711b7dc392e1668495b2d7987703c8dc0415299.png

သတင်း အရင်းအမြစ် Source - Thethaiger news

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T