ထိုင်းနိုင်ငံက ‘ဂျက်မား ထိုင်းဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် Prasit Jeawkok ကို လိမ်လည်မှုနဲ့ တရားရုံးက ထောင်ဒဏ် နှစ် ၁၀၀၀ ကျော် ချမှတ်လိုက်ပါတယ်။
ထိုင်းအစိုးရက ဂျက်မား စီးပွားရေးလုပ်ငန်းရှင် Prasit Jeawkok နဲ့ အတူ We love Your Bag ( Thailand) Company Limited ၊ Beyond World Company Limited နဲ့ တခြား သံသယရှိသူ ၉ ဦးတို့အား လိမ်လည်ငွေချေးငှားခြင်း၊ ကွန်ပျူတာ ရာဇဝတ်မှု အက်ဥပပေဒ B.E.2007 ၊ တော်ဝင်အမိန့် ဖောက်ဖျက်မှု တို့နဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်ကနေ ၂၀၂၁ ဧပြီလ ၁၉ ရက်အထိ စွဲချက်တင်ခဲ့ တာဖြစ်ပါတယ်။


ငွေကြေးလိမ်လည်မှု ကျူးလွန်သူတွေဟာ သူတို့ ပစ်မှတ်ထားတဲ့ သူတွေကို ရင်းနှီးမြှုပ် နှံမှု ဒါမှ မဟုတ် ဇိမ်ခံပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားမှုတွေလုပ်ဖို့ အတုအယောင်ကြော် ငြာတွေနဲ့ ဖျားယောင်းခဲ့တယ်လို့ သိရပါတယ်။ ဇိမ်ခံအမှတ်တံ ဆိပ်ပစ္စည်းတွေမှာတော့ Louis Vuitton, Chanel ၊ Hermer, Gucci နဲ့ တခြား ဘရမ်းဒက်ပစ္စည်းတွေဖြစ်ပြီး လိမ်လည်ခံခဲ့ရသူတွေရဲ့ ဆုံးရှုံးမှု နစ်နာကြေးမှာ ဘတ် ၁ ဘီလီယံကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ အရင်တုန်းက ဂျက်မား ထိုင်းဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် Prasit ဟာ ကြံရာပါ နှစ်ဦးတို့နဲ့ ထွက်ပြေးဖို့ ကြိုးစားခဲ့ပေမယ့်လည်း အာဏာပိုင်တွေက အချိန်မီဖမ်းဆီးနိုင်ခဲ့တာပါ။


တရားရုံးတော်ကနေ ၄ ယောက်မြောက် သံသယရှိသူ Prasit ကို အမှုတစ်ခုစီအတွက် ထောင်ဒဏ် ၅ နှစ်စီချမှတ်ခဲ့ပြီး စုစုပေါင်း ပြစ်ဒဏ် ၃၂၁ မှုအတွက် သူဟာ ထောင်ဒဏ် ၁၁၅၅ နှစ် ကျခံရမှာဖြစ် တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပထမ၊ တတိယနဲ့ စတုတ္ထ သံသယရှိသူတရားခံတွေကို ပြစ်မှုတစ်ခုစီအတွက် ဘတ် ၅ သိန်းစီ တရားရုံးတော်ကနေ ဒဏ်ရိုက်ခဲ့ပြီး အမှုပေါင်း ၃၂၁ မှုအတွက် ဘတ် ၁၄၅. ၅ သန်း ဒဏ်ကြေးနဲ့ ညီမျှတာဖြစ်ပါတယ်။
သတင်း အရင်းအမြစ်៖ Source - khaosodenglish





