သင်က ဆံပင်ရှည်ထားသူဆိုရင် အိပ်ရာဝင်ချိန်မှာ ဒီနည်းလမ်းတွေနဲ့ ဂရုစိုက်ပါ

//s9.kh1.co/4e/4ef84a6223d9ba1186f048cb151185cd058bb110.jpg
MPT Lifestyle

 ၀၂-လိုင်-၂၀၂၃ ၁၀pm · လွန်ခဲ့သော ၂ နှစ် က

အသားအရေကို ဂရုစိုက်သင့်သလို ဒုတိယမျက်နှာဖြစ်တဲ့ ဆံပင်ကိုလည်း....


အသားအရေကို ဂရုစိုက်သင့်သလို ဒုတိယမျက်နှာဖြစ်တဲ့ ဆံပင်ကိုလည်း ဂရုစိုက်သင့်ပါတယ်။ ညအိပ်ခါနီး အချိန်မှာ အသားအရေနဲ့ မျက်နှာတွေကို Care ကြပေမယ့်  ဆံပင်ကို ထိန်းသိမ်းဖို့ မေ့နေတတ်ကြပါတယ်။ ဆံပင်ကို ဂရုမစိုက်ဘဲ ဒီတိုင်းထားမယ်ဆိုရင် တခြား ဘယ်လိုအရာတွေပါ ထိခိုက်စေလဲ ဆိုတာကို မျှဝေပေးသွားပါ့မယ်။

ဆံပင်တွေက ရှုပ်ယှက်ခတ်နေပါမယ်။

https://s9.kh1.co/__image/w=650,h=484,q=100/6b/6ba61085f7f8950a423b41dbd4125c741091b95a.png

ဆံပင် မစည်းဘဲ အိပ်မယ်ဆိုရင် ဆံပင်တွေက ထုံးသွားပြီး ခေါင်းအုံးနဲ့ ဆံပင်ကလည်း တောက်လျှောက်ပွတ်တိုက် နေမိပါမယ်။ နိုးလာတဲ့အခါမှာ ဆံပင်တွေ ရှုပ်ပွတာနေကာ ကြာလာတဲ့အခါမှာတော့ ဆံပင်က ကျိုးကြေ ပျက်ဆီးသွားပါလိမ့်မယ် ။

ဝက်ခြံ ဖြစ်စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=536,q=100/86/8670c86d660caacdfa12485fbb17a15d12047541.png

ဝက်ခြံပေါက်လွယ်တတ်တဲ့သူ တစ်ဦးဆိုရင်တော့ အိပ်နေတဲ့အချိန်မှာ ဆံပင်ကို စည်းပြီးအိပ်တာက အကောင်းဆုံးပါပဲ။ သင့်ဆံပင်မှာ ကပ်နေတဲ့ ဖုန်မှုန့်တွေ၊ ခေါင်းလိမ်းဆီတွေက သင့်ချွေးပေါက်တွေကို ပိတ်သွားစေနိုင်ပြီးတော့ ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။

ဆံပင်ကို နှစ်ခွဖြစ်စေတယ်။

https://s9.kh1.co/__image/w=650,h=529,q=100/c1/c1dac8f4e14f296c4b88e65f77b5859c4ba06b8c.png

အိပ်ရာမဝင်ခင်မှာ ဆံပင်ကို မစည်းထားဘူးဆိုရင် ညဘက်မှာ ဟိုဘက်ဒီဘက် လှည့်နေတာက ဆံကေသာကို ကွဲအက်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင်က ဆံပင်ကို စည်းမအိပ်ချင်ဘူး ဆိုရင်တော့ ပိုးသားခေါင်းအုံးစွပ်ကို သုံးသင့်ပါတယ်။

အိပ်စက်တာကိုလည်း ထိခိုက်စေပါတယ်။

https://s9.kh1.co/__image/w=650,h=429,q=100/92/92d9444fa1f35c3089d0aaaadeeafd506f40ec28.png

ဆံပင်ကို စည်းထားတာက ညဘက်အိပ်တာကို အထောက်အကူ ဖြစ်စေတဲ့အပြင် မနက် အိပ်ယာထရင်လည်း လန်းဆန်းစေပါတယ်။ မစည်းထားဘူး ဆိုရင်တော့ ဆံပင်တွေက မျက်နှာပေါ်ကို ကျလာပြီးတော့ အိပ်ရတာကို အနှောင့်အယှက် ဖြစ်စေပါတယ်။

ဆံပင်ကို ဂရုစိုက်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဆံပင်ကို ညင်သာစွာ ဖြီးပြီး ကျစ်ဆံမြီးကျစ်ပြီး အိပ်တာပဲ ဖြစ်ပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T