နှုတ်ခမ်းနီ အရောင် ရွေးချယ်တဲ့အခါမှာ သိထားသင့်တဲ့အချက်များ

//s9.kh1.co/e0/e0c3b795c93fca26dd2f66754f9da15a148edb00.jpg
MPT Lifestyle

 ၀၂-လိုင်-၂၀၂၃ ၉pm · လွန်ခဲ့သော ၂ နှစ် က

အလှအပကို ကြိုက်နှစ်သက်တဲ့ မိန်းကလေးတိုင်းဟာ ....


အလှအပကို ကြိုက်နှစ်သက်တဲ့ မိန်းကလေးတိုင်းဟာ နှုတ်ခမ်းနီဆိုးကြတဲ့ သူတွေချည်းပါပဲ။ နှုတ်ခမ်းနီ ဆိုးခြင်းကလည်း ရုပ်ရည်အသွင်အပြင်ကို လုံးဝပြောင်းလဲသွားစေနိုင်တာကြောင့် တွေ့ရာနှုတ်ခမ်းနီ ၊ ကိုယ်ကြိုက်တဲ့ နှုတ်ခမ်းနီအရောင်ကို မရွေးချယ်သင့်ပါဘူး။ ဒါကြောင့် နှုတ်ခမ်းနီအရောင် ရွေးချယ်တဲ့အခါမှာဘယ်လိုမျိုးလေးတွေ ရွေးချယ်သင့်လဲဆိုတာကို ဖော်ပြပေးသွားပါမယ်။

အသားရောင်နဲ့ လိုက်ဖက်တာကိုရွေးပါ။

https://s9.kh1.co/__image/w=650,h=375,q=100/00/00dcb9ab658360c0d5900767b359b98bf6ef3623.jpg

အသားအရောင်ဖြူတဲ့ သူလေးတွေကတော့ ပန်းရောင်ဘက်ကို လျော့သွားတဲ့ အနီရောင် နှုတ်ခမ်းနီကို ရွေးချယ်သင့်ပြီး ရွှေရောင်အသားအရေပိုင်ရှင်တွေကတော့ အနီရောင်ကိုမှ လိမ္မော်ရောင်ဖောက်တဲ့ နှုတ်ခမ်းနီကို ရွေးချယ်သင့်ပါတယ်။

Glossy ဖြစ်တဲ့ နှုတ်ခမ်းနီကို မဆိုးပါနဲ့။

https://s9.kh1.co/__image/w=650,h=401,q=100/0e/0eb81bab27cc5b62af78e333e1f87e0d9f678564.jpg

နှုတ်ခမ်းနီ ဆိုးတဲ့အခါမှာ အချိန်ကြာရှည်စွာခံနဲ့ အစာစားရင်လည်း မပျက်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့်မို့ Glossy နှုတ်ခမ်းနီကို ရွေးချယ်မယ့်အစား Soft Matt အမျိုးအစားနှုတ်ခမ်းနီကို ဆိုးသင့်ပါတယ်။

အရောင် အမျိုးမျိုးကို စပ်ကြည့်ပါ။

https://s9.kh1.co/__image/w=564,h=376,q=100/af/af5e8900fe4b096ccb2e8c2a9db493d3bfdf38ff.jpg

နှုတ်ခမ်းနီ အရောင်တွေက သာမန်အားဖြင့် အနီရောင် ပန်းရောင်ဆိုပြီး စသဖြစ် တသတ်မှတ်တည်းပဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။  ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင်အရောင်ကို လိုချင်တယ်ဆိုရင်တော့ အမျိုးမျိုးသော နှုတ်ခမ်းနီအရောင်တွေကို စပ်ပြီး ဆိုးကြည့်သင့်ပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T