မြန်မာ့သမိုင်းမှာ တစ်ချိန်က ရှေးအကျဆုံးမြို့တစ်မြို့ဖြစ်တဲ့ သရေခေတ္တရာမြို့ဟောင်းဟာ လက်ရှိမှာ ပြည်မြို့ရဲ့ အရှေ့ဘက် ၅ မိုင်အကွာမှာ တည်ရှိပါတယ်။ ခေတ်ကာလတိုးတက်ပြောင်းလဲလာတဲ့ တပြိုင်တည်း မြန်မာတို့ရဲ့ ရှေးအကျဆုံးမြို့ဟာ သိတဲ့သူ ခပ်ရှားရှားဖြစ်လာပါတယ်။ ဒါဆို သရေခေတ္တရာမြို့ဟောင်းကို မသိသေးတဲ့ သူတွေအတွက် သမိုင်းကြောင်းကို ပြန်လေ့လာရအောင်။


သမိုင်းမှတ်တမ်းတွေထဲမှာတော့ ဒီမြို့ဟောင်းဟာ သာသနာတော်သက္ကရာဇ် (၁၀၁) ခုနှစ်ဂဝံပတိအသျှင်သူမြတ်များအမှူးပြုပြီး ဒွတ္တဘောင်မင်းက စတင်တည်ထောင်ကာ မင်းအဆက်ဆက် စိုးစံခဲ့တာလို့ ဆိုပါတယ်။ မှန်နန်းမဟာရာဇဝင်တော်ကြီးရဲ့ ကောက်နုတ်ဖော်ပြချက်မှာတော့ သရေခေတ္တရာမင်းဆက် ၂၇ ဆက်ကို ဖော်ပြထားပါတယ်။


ယခု သာသနာသက္ကရာဇ်က ၂၅၆၆ ခုနှစ်ထဲရောက်နေပြီဆိုတော့ ဒီပျူမြို့ဟောင်းရဲ့ သက်တမ်းက နှစ်ပေါင်း ၂၀၀၀ တောင် ကျော်နေခဲ့ပါပြီ။ သရေခေတ္တရာပျူမြို့ဟောင်းရဲ့ ပုံစံက မသိရင် စက်ဝိုင်းပုံမကျ ဘဲဥပုံမကျတဲ့ အဝိုင်းပုံသဏ္ဌာန်ပါ။ မြို့ဟာ အရင်က ဘယ်လောက်တောင် ခမ်းနားထည်ဝါသလဲဆိုရင် မြို့ရိုး၊ ကျုံးနှင့်အတူ နန်းတော်ရာ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ ဆင်းတုတော်များကို တွေ့ရပါတယ်။ သူ့ရဲ့ မြို့ရိုးက (၈ မိုင် ၈ ဖာလုံ) ရှိပြီး ဧရိယာအားဖြင့် ၅ ဒသမ ၅ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။


လက်ရှိမှာတော့ သရေခေတ္တရာပျူမြို့ဟောင်းဟာ အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး မြို့ဖြစ်လို့ ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်းဝင် အဖြစ် သတ်မှတ်ခဲ့တာကြောင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ဂုဏ်ယူဖွယ် ရှေးဟောင်း မြို့ပဲဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Source- wikipedia