မန်စီးတီးနှင့် အာဆင်နယ်တို့ဟာ West Ham ကွင်းလယ်ကစားသမား Declan Rice ကို ခေါ်ယူနိုင်ဖို့အတွက် အပြိုင်အဆိုင်ကြိုးစားနေကြပါတယ်။ အာဆင်နယ်ကတော့ “Rice မှ မရရင်ဘဝပျက်သွားနိုင်တယ်” ဆိုပြီး အကြိမ်ကြိမ်ပယ်ချခံရပေမယ့် ဇွဲမလျှော့ဘဲ ဆက်ခေါ်ယူဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ပထမနှစ်ကြိမ်ကမ်းလှမ်းမှုကို West Ham က ပယ်ချခဲ့တဲ့အပြင် မန်စီးတီးရဲ့ ကမ်းလှမ်းမှုကိုလည်း ထပ်မံပယ်ချခဲ့ပါတယ်။ အာဆင်နယ်ကတော့ ဇွဲမလျှော့ဘဲ တတိယကြိမ်အဖြစ် ပေါင် ၁၀၅ သန်းနဲ့ ထပ်မံကမ်းလှမ်းခဲ့ပါတယ်။ West Ham အသင်းဖက်က အကြောင်းပြန်ခြင်းမရှိသေးပေမယ့် မန်စီးတီးဖက်က ကမ်းလှမ်းမှုထပ်မလုပ်ရင် အာဆင်နယ်ကိုပဲ ရောင်းချသွားဖို့ များပါတယ်။

Declan Rice ဟာ West Ham ရဲ့ အသင်းခေါင်းဆောင်ဖြစ်သလို အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ အဓိကကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်သာရှိနေသေးတဲ့အတွက် ဘယ်လိုအသင်းမှာဖြစ်ဖြစ် အံ့ဝင်ခွင်ကျဖြစ်အောင် အကောင်းဆုံးကစားနိုင်မယ့် ကစားသမားကောင်းတစ်ယောက်ပါ။






