ထိုင်းမှာ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားများ ရဲစခန်းကနေ ထွက်ပြေးသွားတယ်လို့ဆို

//s9.kh1.co/ba/ba61e6eea745bf92ceaff4b12841ad29880debe4.jpg
နေ့စဉ်သတင်းများ

 ၂၈-ဇွန်-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

ထိုင်းမှာ အဖမ်းခံထားရတဲ့ မြန်မာနိုင်ငံသားများ ရဲစခန်းကနေ ထွက်ပြေးသွားတယ်လို့ဆို

ထိုင်းနိုင်ငံ တောင်ပိုင်း ဆုန်ခလာခရိုင်မှာ တရားမဝင်ပြည်ဝင်မှုနဲ့ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၁၃ ဦးဟာ သူတို့ကိုဖမ်းထားတဲ့ ဒေသန္တရရဲစခန်းကနေ ထွက်ပြေးမှုဖြစ်လို့ ထိုင်းရဲတပ်ဖွဲ့က ဆက်လက် ရှာဖွေနေတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြခဲ့ပါတယ်။ 

https://s9.kh1.co/__image/w=650,h=366,q=100/c3/c3a5009aa49a72b751ccdfdd39cac7bfbcc2a637.jpg

အဆိုပါ မြန်မာနိုင်ငံသားများဟာ အခုလဆန်းပိုင်းလောက်က မလေးရှားကို အလုပ်လုပ်ဖို့ ကားဖြင့်လိုက်လာကြရင်း ရတ်တဖူမြို့နယ်ထဲ က ခူဟာလမ်းဆုံမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=488,q=100/93/93049f324ae7279afeed4601d76d915b922d40dc.jpg

ဒါပေမယ့် ပြီးခဲ့တဲ့  ဇွန်လ ၂၅ ရက်နေ့ကတော့ ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသားတွေဟာ ရတ်တဖူမြို့နယ်ရဲစခန်းကနေ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထွက်ပြေးသွားတဲ့ ၁၃ ဦးအနက် တစ်ဦးကိုတော့ ဖမ်းမိထားပြီး ကျန်နေသေးတဲ့ သူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။ 

သတင်း အရင်းအမြစ် Source - BBC Burmese

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T