ဆက်ဆံရေးတွေမှာ သဝန်တိုရခြင်းရဲ့အဓိကအကြောင်းရင်းတွေ

//s9.kh1.co/b1/b1a5cc5da39d9dd38c4ae64f1e60d45fb43bb55e.jpg
MPT Lifestyle

 ၂၇-ဇွန်-၂၀၂၃ ၁၁am · လွန်ခဲ့သော ၂ နှစ် က

ဆက်ဆံရေးတွေမှာ သဝန်တိုရခြင်းရဲ့အဓိကအကြောင်းရင်းတွေ

ဆက်ဆံရေးတွေမှာတစ်ယောက်ကိုတစ်ယောက် သဝန်တိုခြင်းဆိုတာရှိလေ့ရှိတတ်ပါတယ်။ ဒါပေမဲ့ ဘာလို့သဝန်တိုရတယ်ဆိုတဲ့အကြောင်းရင်းကိုတော့ တိတိကျကျမသိထားကြပါဘူး။ အမှန်တော့သဝန်တိုခြင်းဆိုတာအကြောင်းမဲ့ပေါ်ပေါက်လာတာမဟုတ်ပါဘူး။ ကိုယ်တိုင် ဒါမှမဟုတ် တစ်ဖက်ပါတနာရဲ့ အပြုအမူနှင့်ခံစားချက်တွေကြောင့်ဖြစ်လာရခြင်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/db/dba8fc3ed8eb05a04238009a890b5822de95eaec.jpg

စိတ်မလုံခြုံမှုဟာ သဝန်တိုခြင်းဖြစ်ပေါ်လာရတဲ့အကြောင်းရင်းတွေထဲမှာ အဓိကဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းပြီးမလုံမခြုံခံစားနေရသူတွေဟာ ဒီခံစားချက်ကြောင့်ပဲ တစ်ဖက်လူကိုပိုပြီးသဝန်တိုတတ်ကြပါတယ်။ ဒီလိုခံစားချက်ဟာ သိမ်ငယ်စိတ်ဝင်တာနှင့်လည်းဆင်တူပါတယ်။ ကိုယ့်ရဲ့သိမ်ငယ်စိတ်ကြောင့် တစ်ဖက်လူကိုပိုပြီး သဝန်တိုနေတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=375,q=100/93/93563a5f432757c017c799df9682f42fd7380b5c.jpg

နောက်တစ်ချက်ကတော့ အလွန်အကြူးတွေးလွန်းမှုကြောင့်ဖြစ်ပါတယ်။ အတွေးလွန်ပြီး မဖြစ်သေးတာတွေကို ကြိုတင်စဥ်းစားပြီး စိတ်ပူတာကြောင့်ဒီလိုသဝန်တိုမှုတွေဖြစ်လာရခြင်းဖြစ်ပါတယ်။ ပြီးတော့ ပိုင်ဆိုင်လိုစိတ်ပြင်းထန်လွန်းခြင်းကလည်း သဝန်တိုမှုတွေဖြစ်ရခြင်းရဲ့အဓိကကျတဲ့အကြောင်းရင်းတွေထဲကတစ်ခုပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=414,q=100/8e/8ed50ddf918c591c3dc35dd516cabc9a8169fd26.jpg

ဒါ့အပြင် ပင်ကိုယ်အကျင့်စရိုက်ကလည်းအကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။ ဥပမာ အကြောက်လွန်တတ်တဲ့ကိုယ်ရည်ကိုယ်သွေးရှိသူတွေဟာ သူတို့ထားခံရမှာနှင့်လမ်းခွဲရမှာကိုကြောက်ပြီးလိုတာထက်ပိုတဲ့ သဝန်တိုမှုတွေလုပ်တတ်ကြတာဖြစ်ပါတယ်။ ချစ်လို့ဆိုတာထက် သူတို့ရဲ့စိတ်ကျေနပ်မှုရှိစေဖို့တစ်ဖက်လူကိုထိန်းချုပ်ထားချင်တဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/72/7226dad9bcce9a40bf3d406ea9aab164b999f6b3.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T