Crush က ကိုယ့်ကိုပြန်စိတ်ဝင်စားလာစေနိုင်မယ့်နည်းလမ်းများ

//s9.kh1.co/5a/5abd0625a3b98bcb8a144a93291b5e27abd06722.jpg
MPT Lifestyle

 ၂၇-ဇွန်-၂၀၂၃ ၁၀am · လွန်ခဲ့သော ၂ နှစ် က

Crush က ကိုယ့်ကိုပြန်စိတ်ဝင်စားလာစေနိုင်မယ့်နည်းလမ်းများ

ကိုယ်သဘောကျရတဲ့သူက ကိုယ့်ကိုပြန်ပြီးစိတ်ဝင်စားလာစေဖို့ဆိုတာ ခက်ခဲတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်။ သူ ကိုယ့်ကိုသတိပြုမိအောင်လုပ်တဲ့အချိန် ရှက်တာ ကြောက်တာနှင့် တစ်ခြားခံစားချက်တွေအများကြီးပါဝင်နေနိုင်တာကြောင့် အဆင်မပြေရင်နှစ်ယောက်သားပိုဝေးကွာသွားနိုင်ပါတယ်။ ဒါကြောင့် စိတ်ပညာရှုထောင့်ကနေ Crush က ကိုယ့်ကိုပြန်ပြီးတုံ့ပြန်လာအောင်လုပ်နိုင်တဲ့နည်းလမ်းတွေကိုဖော်ပြပေးသွားပါမယ်။

https://s9.kh1.co/__image/w=650,h=434,q=100/dc/dc4daf46606e32d85334bc92f9b1cd983d2e4d8d.jpg

(၁) ယုံကြည်ချက်ရှိခြင်းဟာလူကိုပိုကြည့်ကောင်းစေပါတယ်။သင့်ကိုယ်သင်ယုံကြည်မှုရှိပြီး နေထိုင်နေတဲ့ပုံစံဟာ Crush အတွက်ပိုပြီးဆွဲဆောင်မှုရှိနေမှာဖြစ်သလို ချဥ်းကပ်ချင်စိတ်လည်းဖြစ်စေမှာဖြစ်ပါတယ်။ ဒါပေမဲ့ အလွန်အကျုးဖြစ်ခြင်းကတော့ မကောင်းတဲ့ရလဒ်တွေကိုပဲယူဆောင်လာမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/eb/eb81bad747bc23446918181842c570565cae205e.jpg

(၂) စိတ်ဝင်စားမှုပြသခြင်းကလည်းအရေးကြီးပါတယ်။ သူတို့ပြောတဲ့အကြောင်းအရာတွေနှင့်မေးခွန်းတွေကို သေချာဂရုစိုက်နားထောင်ပြီးတုံ့ပြန်ပေးခြင်းကလည်း သူတို့အပေါ်ထားတဲ့သင့်ရဲ့အလေးထားမှုကိုဖော်ပြနေတာကြောင့် ကောင်းတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=624,h=702,q=100/ad/ade487bd16de1d0ad7b1a1be3122ebc0acdc450b.jpg

(၃) သူတို့ရဲ့အပြုအမူနှင့် အလေ့အကျင့်လေးတွေကို အတုယူကြောင်းပြသပေးခြင်းက သင့်ရဲ့ လေးစားမှုကိုဖော်ပြတာကြောင့် အာရုံစိုက်မိစေမှာဖြစ်ပါတယ်။ သူတို့ရဲ့ကောင်းမွန်တဲ့အလေ့အကျင့်တွေကိုပုံတူကူးပြီး လုပ်ခြင်းက သူတို့ကိုသင်ဘယ်လောက်တန်ဖိုးထားကြောင်းပါပြသနိုင်မှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=590,h=290,q=100/5f/5f57306fa02ecc2b85319a194d196cfb051d36ad.jpg

(၄) ယုတ္တိရှိရှိချီးမွမ်းပါ။ အကြောင်းအရာတိုက်ဆိုင်မှုတွေရှိလာတဲ့အခါ အဆင်ပြေတဲ့ချီးမွမ်းမှုတွေလုပ်ပေးပါ။ တစ်မင်ချီးမွမ်းတာမဟုတ်ဘဲ သူတို့ရဲ့တစ်ကယ့်အရည်အချင်းနှင့် ချီးကျူးစရာတွေကိုအခါအခွင့်သင့်တာနှင့်ချီးကျူးပေးတာက သင့်ကိုပိုပြီးသတိထားမိသွားနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/a8/a8d1676dfee637855024696e47bd335c16d6a751.jpg

(၅) အကောင်းမြင်စိတ်တွေရှိစေပါ။ သူ့ဘေးနားသင်ရှိနေတဲ့အချိန် အကောင်းမြင်စိတ်တွေပိုပြီးဖြစ်ပေါ်လာစေတဲ့ပတ်ဝန်းကျင်လေးတစ်ခုဖြစ်အောင် ဖန်တီးပေးနိုင်ဖို့ကြိုးစားပါ။ ဆိုလိုတာက သင်ကိုယ်တိုင်အကောင်းမြင်တတ်ပြီး ပတ်ဝန်းကျင်ကိုအကောင်းမြင်စိတ်ဖြစ်ပေါ်လာစေနိုင်တဲ့သူဖြစ်အောင်နေထိုင်ဖို့ဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T