ကိုယ့်ကိုကြည့်မရဖြစ်နေတဲ့ မုန်းနေတဲ့သူတွေကိုဘယ်လိုကိုင်တွယ်ရမလဲ?

//s9.kh1.co/2e/2e76622cfdb69ffe875aa6fbf06284004e36a505.jpg
MPT Lifestyle

 ၂၇-ဇွန်-၂၀၂၃ ၈am · လွန်ခဲ့သော ၃ နှစ် က

ကိုယ့်ကိုကြည့်မရဖြစ်နေတဲ့ မုန်းနေတဲ့သူတွေကိုဘယ်လိုကိုင်တွယ်ရမလဲ?

လူတွေဟာ ပတ်ဝန်းကျင်နှင့်နေထိုင်ရတဲ့အတွက် ကိုယ့်ကိုမုန်းတဲ့သူ ချစ်တဲ့သူအသီးသီးရှိကြမှာဖြစ်ပါတယ်။ အများစုကတော့ ကိုယ့်ကိုမုန်းရင်တောင် တော်ရုံထုတ်မပြောကြပေမဲ့ မုန်းနေကြောင်းကိုသိသိသာသာပြသနေတတ်တဲ့သူတွေလည်းရှိတတ်ပါတယ်။ ဒီလိုလူတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကိုဖော်ပြပေးသွားပါမယ်။

https://s9.kh1.co/__image/w=500,h=334,q=100/22/22fd1759f09a86d354361d34365418dd3a80ea9f.jpg

အရင်ဆုံးကိုယ့်ကိုမုန်းနေတဲ့သူအများစုဟာ ကိုယ့်ဘေးနားကသူတွေ မိတ်ဆွေအရင်းတွေလည်းဖြစ်နိုင်ပါတယ်။ ဒီလိုမုန်းတီးရတဲ့အကြောင်းရင်းက ကိုယ့်အမှားကြောင့်ဆိုရင်ပြန်တောင်းပန်ပြီးကြေအေးလို့ရနိုင်ပေမဲ့ ကိုယ့်အမှားမပါဘဲအသားလွတ်မုန်းနေတဲ့သူကိုတော့ တောင်းပန်စရာမလိုပါဘူး။ လူရင်းကမုန်းတီးတာက မနာလိုစိတ်ကြောင့်ဖြစ်နိုင်တာကြောင့် အဲ့လိုလူတွေကိုကိုယ့်ဘဝထဲကနေဖယ်ထုတ်လိုက်ပါ။ သူတို့နှင့်နီးကပ်စေမယ့်နေရာတွေကို အတတ်နိုင်ဆုံးရှောင်ကြဥ်ရပါမယ်။ 

https://s9.kh1.co/__image/w=650,h=394,q=100/38/38276a2bf2358f4e14605fc858ed69bce46457a7.jpg

ပြီးတော့ သူတို့ရဲ့မုန်းတီးမှုတွေက ကိုယ့်ရဲ့ဘဝမှာဘာမှအကျိုးမသက်ရောက်ကြောင်း သူတို့သိအောင်ပြပေးရပါမယ်။ သူတို့ကြောင့် ကိုယ်ခက်ခဲရတာလည်းမရှိသလို သူတို့ဟာကိုယ့်ဘဝမှာဘာမှအရေးမပါဘူးဆိုတာကို သူတို့သိသွားအောင်ဖော်ပြရမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=640,h=640,q=100/5f/5f7e6278ed64260d555cd6782b1d89b8cd09ce7b.jpg

ပြီးရင်တော့ သူတို့ကိုဥပက္ခာပြုထားလိုက်တာက အကောင်းဆုံးဖြေရှင်းနည်းပါပဲဖြစ်ပါတယ်။ သူတို့လုပ်သမျှအရာတိုင်းကိုအာရုံမစိုက်ဘဲ ကိုယ့်ဘေးမှာရှိတဲ့လူကောင်းတွေနှင့် သူတို့ကြောင့် ကိုယ်ဘယ်လောက်အဆင်ပြေနေကြောင်းကိုပဲ သိအောင်ပြသလိုက်ပါ။ ဒီလိုလုပ်လိုက်ခြင်းဟာသူတို့ရဲ့မုန်းတီးမှုဟာ ကိုယ့်အတွက်ဘာမှမဟုတ်ကြောင်းပြနေတာဖြစ်သလို ကိုယ့်ကိုချစ်ပေးတဲ့သူဘယ်လောက်များကြောင်း သူတို့သိနိုင်ဖို့အတွက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=517,h=331,q=100/9d/9d6486b8b284f08d9e0641b2073418d6c3161116.jpg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T