ညဘက်မှာ လက်သည်း ညှပ်ကောင်းလား....?

//s9.kh1.co/0b/0bc1ee5c8f10a136dbdccf53d47e1de53f8f9037.jpg
MPT Lifestyle

 ၂၆-ဇွန်-၂၀၂၃ ၄pm · လွန်ခဲ့သော ၂ နှစ် က

ညဘက်မှာ လက်သည်း ညှပ်ကောင်းလား....?

ညဘက်တွေမှာ တစ်ခါတလေ လက်သည်းညှပ်ရင် ကျွန်တော်တို့ လူကြီးမိဘတွေက ရှေးအယူသီးမှုတွေကြောင့် မညှပ်ကောင်းဘူးလို့ ပြောကြပါတယ်။

https://s9.kh1.co/__image/w=600,h=307,q=100/45/457df693b71536acc0f34d5ef5a6e76fc05b56e1.jpg

ညဘက်လက်သည်း ညှပ်တဲ့ အခါ အိမ်အောက်ထဲကို လက်သည်းကျရင် အိမ်ဟာ ဆင်းရဲတတ်တယ် ။ပြီးတော့  ကျန်းမားရေး ညံ့ဖျင်းတယ်၊ အိမ် စီးပွားရေး လဘ်လာဘပိတ်တတ်တယ် စတဲ့ ရှေးအယူအဆ အမျိုးမျိုးတွေ ပြောဆိုကြတာ ကြားဖူးပါတယ်။ 

https://s9.kh1.co/__image/w=620,h=413,q=100/ad/ad4c5fe5a5d8597d280148eb4557664108e3cf9f.jpg

တကယ်တော့ ဒီအယူအဆတွေက လူကြီးသူမတွေကြားမှာ လွယ်မှားနေတဲ့ အယူအဆပါ။ ဗုဒ္ဓတရားတော်တွေရဲ့ ကျမ်းဂန်စာပေတွေထဲမှာလည်း မပြဌာန်းထားပါဘူး။ အမှန်က ရှေ့ခေတ်လူကြီးတွေက ညဘက်မှာလက်သည်းမညှပ်ရဘူးလို့ ပြောတာဟာ ရှေ့ခေတ်က အခုခေတ်လိုဖွင့်ဖြိုးတိုးတက်တဲ့ ခေတ်မဟုတ်သေးတော့ မီးတွေဘာတွေမရှိသေးတာကြောင်း သေချာမမြင်ရဘဲ ညှပ်တဲ့အခါ အသားပါသွားမှာဆိုးလို့  မညှပ်ကောင်းဘူးလို့ ပြောခဲ့ကြတာပါ။ ပြီးတော့ အဲ့ဒီခေတ်တုန်းက လက်သည်းညှပ်တဲ့အခါ ဓားတွေကိုပဲ အသုံးပြုရတာဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=274,h=184,q=100/1d/1d536fed29b501d40f594da28ffec0ba313e549e.jpg
https://s9.kh1.co/__image/w=650,h=371,q=100/f6/f69d7165c559cb69a6ff2e9edeff8982c80498c0.jpg

ဒါပေမယ့် ယနေ့ခေတ်အထိ အဲ့ဒီအယူသီးမှုကြီးက လူတော်တော်များများ လက်ခံနေတုန်းပါပဲ။ ကျွန်တော်ကတော့ လက်ရှိအမှန်မြင်နိုင်ပေမယ့် လူကြီးမိဘတွေကြောက်ရလို့ အမှန်ပြင်ဖို့ တော်တော်လေး ခက်ခဲတယ်။ 

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T