ပွဲဦးထွက် UFC ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ ချင်းတိုင်းရင်းသား Joshua Van..

//s9.kh1.co/83/832186770a64b7298b1535171741599998b46937.jpg
အားကစားသတင်းများ

 ၂၅-ဇွန်-၂၀၂၃ ၁am · လွန်ခဲ့သော ၃ နှစ် က

ထိုးချက်ကတော့ ထိထိမိမိပဲ..

မြန်မာပြည်ဖွားချင်းတိုင်းရင်းသား Joshua Van ဟာ သူ့ရဲ့ပထမဆုံး UFC ထိုးပွဲအဖြစ် Zhagas Zhumagulov နဲ့ ယှဥ်ပြိုင်ထိုးသတ်ခဲ့ပြီး ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ UFC မှာ ပထမဆုံး ယှဥ်ပြိုင်ထိုးသတ်ခွင့် ရရှိတဲ့ မြန်မာနွယ်ဖွားတစ်ယောက်ဖြစ်ရုံမက ပွဲဦးထွက်မှာ အနိုင်ရရှိအောင်စွမ်းဆောင်နိုင်တဲ့ ဖိုက်တာတစ်ယောက်ဖြစ်နေပါပြီ။  

https://s9.kh1.co/__image/w=650,h=434,q=100/d7/d71e78cc05ccc162c8375421b5a970668b576bba.jpg

UFC မှာ ပထဆုံးပွဲဆိုပေမယ့် သူ့ရဲ့ထိုးချက်တွေက ထိထိမိမိရှိတဲ့အပြင် ပြိုင်ဖက်ကိုလည်း ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါတယ်။ “The Fearless” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ သူ့ရဲ့မကြောက်မရွံ့ထိုးချက်တွေက အားရစရာပါပဲ။ အသက် ၂၁ နှစ်သာရှိသေးပေမယ့် သူ့ရဲ့နိုင်ပွဲဆာလောင်မှုနှင့် ရဲရင့်မှုကို ပွဲအတွင်းမှာကောင်းကောင်းမြင်တွေ့နိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/1a/1a413ae4cb6a8018c562e8939e029e5d3077f3b8.jpg
https://s9.kh1.co/__image/w=650,h=434,q=100/e7/e73b7b9c14e80f9b45762a4223a43ce6842b1a08.jpg

သူရဲ့ငယ်ရွယ်မှုနှင့် ရဲရင့်မှုတွေကြောင့် အနာဂတ်မှာတောက်ပတဲ့ချန်ပီယံကောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်။ အောင်လအန်ဆန်းနှင့် ဘရော်နီကာတို့လို မြန်မာ့ဂုဏ်ဆောင်ဖိုက်တာကြီးတစ်ယောက်အဖြစ် အများကြီးမျှော်လင့်လို့ ရပါတယ်။

ပွဲဦးထွက်နိုင်ပွဲအတွက် ဂုဏ်ယူပါတယ်..။

https://s9.kh1.co/__image/w=650,h=434,q=100/58/58c62ffc2b3a26e26ba1ee26bb763538ecb9e592.jpg
Van Ngun Lian
Van Ngun Lian

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T