.
ထိုင်းနိုင်ငံ တောင်ပိုင်း ချွမ်ဖော်ခရိုင်ထဲရှိ သောင်ဝွာလန်း ကမ်းခြေတစ်နေရာမှာ ဇွန်လ ၂၂ ရက်နေ့ ပင်လယ်ရေအနီရောင်ပြောင်းပြီး ငါးအကောင်းရေသန်းနဲ့ချီသေဆုံးကာ ကမ်းခြေမှာ သောင်တင်နေခဲ့တယ်လို့ နယ်မြေခံတစ်ဦးက သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။

သူ့ရဲ့ လူမှုကွန်ယက်မှာတော့ ကမ်းခြေမှာ နေလာတဲ့ တစ်လျှောက်မှာ ငါးအကောင်ရေ သန်းနဲ့ချီသေဆုံးတာကို ဒါပထမဆုံး မြင်တွေ့ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီငါးအများအပြားသေဆုံးရတဲ့ အကြောင်းအရင်းကို သေချာမသိရပေမယ့် လူမှုကွန်ယက် သုံးစွဲသူအချို့ကတော့ ဓာတုပစ္စည်းများကြောင့် အဆိပ်သင့် သေဆုံးကြတာလို့ ယူဆကြပါတယ်။


ဒါပေမယ့် ကမ်းရိုးတန်းငါးလုပ်ငန်းသုတေသနဌာနကတော့ ပင်လယ်ရေထဲ ရေမျောတွေ အများကြီးရှိနေခြင်းကြောင့် အောက်ဆီဂျင် မလုံလောက်ဘဲ ငါးတွေသေဆုံးတာလို့ ယူဆခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီငါးအသေတွေကို ဖြစ်နိုင်ရင် ရွာသူရွာသားတွေ မစားဖို့ သတိပေးထားခဲ့ပါတယ်။

သတင်း အရင်းအမြစ်៖ Source - kantaphong thakoonjiranon





