ကန်စွန်းရိုးနီက ဒီရောဂါတွေကို ပျောက်ကင်းစေနိုင်တယ်

//s9.kh1.co/7c/7c3c45e9ab8c1c885d3f33c1cadf2c2eaf2d23df.jpg
MPT Lifestyle

 ၂၂-ဇွန်-၂၀၂၃ ၁၀pm · လွန်ခဲ့သော ၃ နှစ် က

ဈေးနှုန်းလဲ ချိုသာပြီး ဝယ်ရတာလဲလွယ်ကူတဲ့ ကန်စွန်းရိုးနီက...

ဈေးနှုန်းလဲ ချိုသာပြီး ဝယ်ရတာလဲလွယ်ကူတဲ့ ကန်စွန်းရိုးနီက ဒီရောဂါတွေကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်.. မြန်မာဆေးကျမ်းတွေမှာ ကန်စွန်းရွက်နီဟာ အဆိပ်ကိုလည်းပြေစေပြီး မီးလောင်နာတွေနဲ့ဆီးရောဂါတွေကို ပျောက်ကင်းစေတယ်လို့ ဖော်ပြထားပါတယ်.. 

https://s9.kh1.co/__image/w=650,h=650,q=100/fd/fde9f3a34d59e879481a50690bc5953278860c86.jpg

ဆီးရောဂါရှိတဲ့လူတွေအတွက် ကျိုသောက်လို့ရပါတယ်.. ကန်စွန်းနီရွက်ကို ထန်းလျက်၊ မန်ကျည်းမည့်နဲ့ ဆားထည့်ပြီး ကျိုသောက်ရင် ဆီးကျောက်တည်တာကို သက်သာစေတယ်လို့ ဆိုပါတယ်.. 

ကန်စွန်းနီရွက်သက်သက်ကိုပဲ ပြုတ်သောက်တယ်ဆိုရင် ရင်ပြည့်ဝမ်းကျရောဂါကို ပျောက်စေပါတယ်.. 

https://s9.kh1.co/__image/w=526,h=394,q=100/5b/5b2b9893c45da7b5aab6b579c800a7a9c920bf30.jpg

ဆီးမသွားတဲ့လူတွေအတွက် ဗူးရွက်နဲ့ကန်စွန်းနီရွက်ကို ဆတူရောပြီးကျိတ်ပြီး ရလာတဲ့အရည်ကို ဆန်မှုန့်ညက်နဲ့ ဖျော်ပြီး ဆီးခုံပေါ်တင်ထားပေးလိုက်ရင် ၅ မိနစ်အတွင်းဆီးသွားပါတယ်.. ဓမ္မတာလွန်တဲ့လူတွေလည်း ဒီနည်းအတိုင်းလုပ်လို့ရတယ်လို့ သိရပါတယ်.. 

https://s9.kh1.co/__image/w=650,h=341,q=100/7c/7c3c45e9ab8c1c885d3f33c1cadf2c2eaf2d23df.jpg

အရွက်သက်သက်ကိုပဲ ဟင်းချက်စားမယ်ဆိုရင်လဲ သွေးဝမ်းရောဂါကို ပျောက်ကင်းစေနိုင်ပါတယ်..

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T