ချဉ်ငံစပ် ချဉ်ပေါင်ကြော်လေး ကြော်စားကြမယ်

//s9.kh1.co/0d/0dccfd8d42470d09a0ff4298211a26bf81fbcddc.webp
MPT Lifestyle

 ၂၂-ဇွန်-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

ထမင်းပူပူလေးကို ချဉ်ပေါင်ကြော်လေးနဲ့နယ် ငပိရည်လေးဆမ်း တို့စရာအစုံလေးကို တဂျွမ်းဂျွမ်းကိုက်ပြီး စားလိုက်လို့ကတော့ နိဗ္ဗာန်ပဲနော်...

ချဉ်ငံစပ် ချဉ်ပေါင်ကြော်လေး ကြော်စားကြမယ်

ချဉ်ချဉ်စပ်စပ် ချဉ်ပေါင်ကြော် လေးကို စားချင်ကြတဲ့သူတွေအတွက် ဒီနေ့မှာ ထမင်းမြိန်ပြီးစားလို့ကောင်းတဲ့ ချဉ်ပေါင်ကော် ချဉ်ငံစပ် ကြော်နည်းလေးကိုဝေမျှပေးသွားပါမယ်နော်။ အရမ်းကိုစားလို့ကောင်းပြီးထမင်းမြိန်မှာမလို့ မိုးအေးအေးလေးမှာ ကြော်စားကြည့်ကြဦးနော်

ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီး တို့ကိုညက်အောင်ထောင်းပြီး နနွင်းမှုန့် အနည်းငယ်နဲ့ဆီသပ်ပါ။

(ဆီများများနဲ့ကြော်ပါကြော်ပြီးမှမလိုတဲ့ဆီတွေပြန်ခပ်ထုတ်ပါ)

ကြက်သွန်တွေနွမ်းပြီဆို စိမ်းစားငပိထည့်လိုက်ပါ။

https://s9.kh1.co/__image/w=650,h=602,q=100/ea/ea0a763ba1e9ac22fab80c2feccdba4f64cffd32.webp

ပုစွန်ခြောက်နဲ့ကြော်မယ်ဆိုပုစွန်ခြောက်ထည့်

ပုစွန်နဲ့ကြော်မယ်ဆိုပုစွန်ထည့်ပါ။ ကြော်နံ့မွှေးလာရင် မျှစ်ထည့်ကြော်ပါ

ချဉ်ပေါင်ရွက် တွေထည့်ပါ။

အဆက်မပြတ်မွှေရင်းကြော်ပါ။

ချဉ်ပေါင်ရွက် ကအရည်တွေထွက်လာပါလိမ့်မယ်

ရေကုန်ပြီးဆီပြန်တဲ့ထိကြော်ပါ။

https://s9.kh1.co/__image/w=650,h=308,q=100/a6/a66f57fcc2668da2bb9729df95d7022f8c62975a.webp

အချိုအငန်အရသာထည့်ပါနောက်ဆုံးမှနံနံပင်၊ နဲ့ ငရုတ်သီးစိမ်း အုပ်ပါတယ်။

စပ်တာကြိုက်ရင်တော့ငရုတ်သီးစိမ်းများများထောင်းထည့်ကြော်လို့ရပါတယ်နော်...

မိုးအေးအေးမှာ ထမင်းပူပူလေးကို ချဉ်ပေါင်ကြော်လေးနဲ့နယ် ငပိရည်လေးဆမ်း တို့စရာအစုံလေးကို တဂျွမ်းဂျွမ်းကိုက်ပြီး စားလိုက်လို့ကတော့ နိဗ္ဗာန်ပဲနော်...

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T