ကနေဒါနိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းမှာ တိုက်တန်းနစ်ရဲ့ အပျက်အစီးတွေကို စူးစမ်းလေ့လာဖို့ သွားရောက်တဲ့ လေ့လာရေး ရေငုပ်သင်္ဘောတစ်စင်းဟာ အဆက်အသွယ်ပြတ်တောက်သွားပြီး ပျောက်ဆုံးနေပါတယ်။

အဆိုပါ ရေငှပ်သင်္ဘောမှာ လေယာဉ်မှူးတစ်ဦးနှင့် ခရီးသည် ၄ ဦး လိုက်ပါသွားပြီး သင်္ဘောဟာ ၉၆ နာရီကြာ ငှပ်နိုင်တာကြောင့် အမေရိကန်နဲ့ ကနေဒါ သင်္ဘောတွေနဲ့ လေယာဉ်တွေက တနင်္လာနေ့ (ဇွန် ၁၉)မှာ ရှာဖွေခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။

မေရိကန်ကမ်းခြေစောင့်တပ်ကတော့ ရေငုပ်သင်္ဘောဟာ တိုင်တန်းနစ်ရဲ့ အပျက်အစီးနေရာကို စတင်ငုပ်ပြီး တစ်နာရီနှင့် ၄၅ မိနစ်ခန့်အကြာမှာ ရေပြင်ပေါ်က Polar Prince သင်္ဘောနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ တိုက်တန်းနစ်ရဲ့ အပျက်အစီးတွေကို စူးစမ်းလေ့လာဖို့ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ကုန်ကျမှာဖြစ်ပြီး အဲ့ဒီလေ့လာရေးခရီးဟာ စိန့်ဂျွန်၊ နယူးဖောင်လန်ကနေ စတင်ကာ ကီလိုမီတာ ၆၄၀ ခန့် ကွာဝေးတဲ့ အတ္တလန္တိတ်ရှိ အပျက်အစီးနေရာကို သွားရောက်မှာဖြစ်ပါတယ်။ သင်္ဘောပျက်ဆီကို သွားရောက်လေ့လာရာမှာလည်း လူ ၅ ဦးထိ လိုက်ပါ နိုင်မှာ ဖြစ်ပြီး အချိန်အားဖြင့် ၂ နာရီခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Source - CNA





