Thai Fight ဘုရင်မလို့ တင်စားရလောက်တဲ့ ကယန်းသူလေးဘရော်နီကာဟာ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် ဗီယက်နမ်သူ ထရူသီကို (၃) ချီတည်းနဲ့ အနိုင်ထိုးပြလိုက်ပါတယ်။

ပထမနှစ်ချီမှာ အပြန်အလှန်ထိုးချက်တွေနဲ့ အကြိတ်အနယ်ထိုးသတ်ခဲ့ကြပြီး တကယ်ကြည့်တဲ့ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ထရူသီကလည်း ဆီးဂိမ်းရွှေတံဆိပ်ဆုရှင်ပီပီ ထိချက်ကောင်းကောင်းနဲ့ အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့ပါတယ်။ တတိယချီအရောက်မှာတော့ ဘရော်နီကာရဲ့ တရစပ်ထိုးနှက်မှုကြောင့် ထရူပီအထိနာခဲ့ပါတယ်။ ဒိုင်ရဲ့အခွင့်အရေးပေးမှုကြောင့် ဆက်ထိုးသတ်ခဲ့ကြပေမယ့် ဘရောနီကာရဲ့ထိုးချက်တွေကိုမခံနိုင်တော့ဘဲ အရှုံးပေးလိုက်ရပါတယ်။

ဒီနိုင်ပွဲဟာ ဘရော်နီကာအတွက် Thai Fight မှာ ၁၃ ပွဲဆက်အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။ အရှေ့တောင်အာရှရဲ့ ပြိုင်ဘက်ကင်းဖိုက်တာတစ်ယောက်လို့ဆိုရမှာပါ...။

Congratulations Vero Nika..






