ကနေဒါနိုင်ငံ မန်တိုဘာ ပြည်နယ်မှာ သောကြာနေ့က သက်ကြီးရွယ်အိုခရီးသည်အများစု တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးနဲ့ ထရပ်ကားတစ်စီး တိုက်မှုဖြစ်ပွားခဲ့တာကြောာင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြလာပါတယ်။


အဆိုပါ ယာဉ်တိုက်မှုဟာ Winnipeg ရဲ့ အနောက်ဘက် ၁၇၀ ကီလိုမီတာ (၁၀၅ မိုင်) ကွာဝေး ကာဘယ်ရီ မြို့အနီး အဝေးပြေးလမ်းဆုံမှာ ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်ပွားရာနေရာမှာတော့ ယာဉ်မောင်းနှစ်ဦးအပါအဝင် ဘတ်စ်ကား ယာဉ်မောင်းအပါအဝင် ဘတ်စ်ကားပေါ် လိုက်ပါလာတဲ့ ခရီးသည်အချို့ နေရာမှာတင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို တိတိကျကျ စုံစမ်းနေဆဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

သတင်း အရင်းအမြစ်៖ Photo Credit - reuters