ငရုတ်သီးစိမ်း ငါးပိချက်

//s9.kh1.co/b7/b70ffe7e6086b602374a201df3ceaac6de9f5ad5.jpg
MPT Lifestyle

 ၁၈-ဇွန်-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

ဈေးလည်းသက်သာတဲ့ ငရုတ်သီး ငပိချက် ဟင်းလေးမလို့ ရှူးရှူးရှဲရှဲလေးစားချင်ရင် ချက်စာကြည့်ကြဦးနော်

ငရုတ်သီးစိမ်း ငါးပိချက်

၁- ကြက်သွန်နီ သုံးဥလောက်ကို ညိုနွမ်းသွားတဲ့အထိ ဆီသပ်လိုက်ပါ

၂-နွမ်းနယ်နေတဲ့ ကြက်သွန်နီအိုးထဲကို အသင့်ထောင်းထားတဲ့ ကြက်သွန်ဖြူ ၅တက်လောက်နဲ့ ဂျင်း ကျပ်စေ့ခန့် ဓါးပြားရိုက်ကို စစ်ကူလွှတ်၍ ထဲ့မွှေ ထည့်လိုက်ပါ။

https://s9.kh1.co/__image/w=650,h=366,q=100/90/9077b6e40ec6b3bb53f659959139d5df6f8ef426.jpg

၃-ငပိ ဇီးဖြူသီးခန့်ကို ပစ်ထဲ့ပြီးချေ ပါ.အစိမ်းနံ့ပျောက်လို့မွှေးလာပြီဆွင်ဖြင့် နနွင်းလဘက်စားဇွန်းဝက်ခန့်နဲ့ အရောင်တင် လက်ဘက်စားတစ်ဇွန်းခွဲလောက် ပစ်ထဲ့ပြီး အစိမ်းနံ့ပျောက်ရုံ မွှေပါ။..ငံပြာရည်အနည်းငယ်ထည့်လိုက်ပါ။

၄-ခရမ်းချဉ်သီး ၂လုံးလောက်ပါးပါးလှီးပြီး ထပ်ပစ်ထည့်လိုက်ပါ.. ချေ...ချေ..ချေ အိုးမကပ်စေနဲ့ ချေဖို့လိုပါတယ်နော်။

ကပ်မှာကြောက်ရင် ရေထည့်ပြီး ချေပေးပါ။

https://s9.kh1.co/__image/w=630,h=429,q=100/8f/8f64b8d8b75c46ee549867fbf3105e5067c903bc.png

၅-ထောင်းထားထား ရှည်ရှည်ပဲလှီးထားထား ငရုပ်ပွအရှည်သီး တို့ကို ထည့်ပါ။..တစ်ချက်နှစ်ချက်မွှေပြီး ကြက်သားမှုန့် tea spoon ၁ခွဲနဲ့ ဆားအနည်းငယ်ထည့်ပါ။ 

ရေစိမ်ထားတဲ့ ပုဇွန်ခြောက်အကောင်ခပ်ကြီးကြီးစားချင်သလောက်ကို ပစ်ခပ်ထည့်မွှေပြီး ပေါ့ငန်မြည်းပြီး ကိုယ်ကြိုက်တဲ့အရသာ အနေထားရပြီဆိုရင်တော့ ချလို့ရပါပြီနော်...

အရမ်းကို စားလို့ကောင်းပြီး ဈေးလည်းသက်သာတဲ့ ငရုတ်သီး ငပိချက် ဟင်းလေးမလို့  ရှူးရှူးရှဲရှဲလေးစားချင်ရင် ချက်စာကြည့်ကြဦးနော်

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T