ဂေါ်ရခါးသီး သုပ်စားမယ်...

//s9.kh1.co/46/46c29ed5d3dffa4db4616d08c1f52af9bd9e496d.jpg
MPT Lifestyle

 ၁၈-ဇွန်-၂၀၂၃ ၂pm · လွန်ခဲ့သော ၂ နှစ် က

ထမင်းဖြူလေးနဲ့ပဲစားစား အပျင်းပြေပဲစားစား စားလို့ကောင်းတဲ့ အသုပ်လေး မလို့ အိမ်မှာ သုပ်စားကြည့်ကြဦးနော်...

ဂေါ်ရခါးသီး သုပ်စားမယ်...

သင်္ဘောသီးသုပ်တို့ ၊ သရက်သီးသုပ်တို့သာ စာကြပေမယ့် ဂေါရခါးသီးကိုသုပ်စားကြတာ ရှားပါတယ်။ အရသာမသိသေးလို့ထင်ပါရဲ့... ဒီတစ်ခေါက်မှာ တော့ အရသာ အသစ်တစ်မျိုးကို မြည်းစမ်းရသလို ခံစားရစေမယ့် ဂေါရခါးသီးသုပ် လေးကို အိမ်မှာသုပ်စားကြည့်ရအောင်နော်

https://s9.kh1.co/__image/w=500,h=383,q=100/9b/9b3ecd1549914f4fc1f2e29e55d022bfb8e92a97.jpg

ဂေါ်ရခါးသီး အစိမ်းသုပ်ရန်အတွက် အခွံသင်ပြီးရေဆေးပါ ထို့နောက် ဂျစ်ဖြင့်ခြစ်ပြီး ဆားနှင့်နယ်ကာ ရေသန့်စင်စွာဆေးပေးပါ

-ရေဆေးပြီးလျှင် ရေစင်အောင်ညစ်ကာ ပန်းကန်ထဲသို့

1.ဂေါ်ရခါးသီး

2.မြေပဲထောင်း(သို့)ပဲအကျက်မူန့်

3. ကြက်သွန်ဖြူ/နီ ဆီချက်

4.ဆား

5. အချိုမှုန့်

https://s9.kh1.co/__image/w=270,h=270,q=100/fb/fb520010269d5d0d930625fdf892f88f5e152acd.jpg

6.ပုဇွန်ခြောက်ထောင်း

7. ငရုတ်သီးမှုန့်/ငရုတ်သီးစိမ်း

8.သံပုရာရည် ညှစ်ကာနယ်ပေးပါ

ဒါဆိုရင် အရသာရှိ ပြီး စားလို့မြိန်တဲ့ဂေါ်ရခါးသီး အစိမ်းသုပ်

လေးရပါပြီ။ ထမင်းဖြူလေးနဲ့ပဲစားစား အပျင်းပြေပဲစားစား စားလို့ကောင်းတဲ့ အသုပ်လေး မလို့ အိမ်မှာ သုပ်စားကြည့်ကြဦးနော်...

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T