မတူညီတဲ့ Relationship (ဆက်ဆံရေး) အမျိုးအစားများ

//s9.kh1.co/1e/1ea511820e949b6c365e44b12fc97ff351981b4e.jpg
MPT Lifestyle

 ၁၄-ဇွန်-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

မတူညီတဲ့ Relationship (ဆက်ဆံရေး) အမျိုးအစားများ

လူတွေကြားမှာဆက်ဆံရေးပုံစံတွေအမျိုးမျိုးရှိကြပြီးတော့ မတူညီတဲ့ဆက်ဆံရေးပုံစံအလိုက်မတူညီတဲ့ခံစားချက်တွေရှိတတ်ကြပါတယ်။

https://s9.kh1.co/__image/w=540,h=330,q=100/11/117948b3ae6fa522f210782beedeeb1dd50fabdc.jpg

(၁) Platonic Relationship

ဒီဆက်ဆံရေးအမျိုးအစားဟာ ပါတနာနှစ်ယောက်ဟာသူငယ်ချင်းဆက်ဆံရေးထက်ပိုပေမဲ့ အချင်းချင်းချူပ်ချယ်ကြတဲ့ ဆက်ဆံရေးလည်းမဟုတ်ပါဘူး။ နှစ်ယောက်သားဟာအရင်းနှီးဆုံးလူတွေ ဒါမှမဟုတ် အရင်းနှီးဆုံးသူငယ်ချင်းတွေလိုမျိုးနေကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=347,q=100/e1/e13d718640b1c971734081deb7212f26d1a16184.webp

(၂) Romantic Relationship

ဒီဆက်ဆံရေးကတော့ ချစ်သူရည်းစားတွေကြားကဆက်ဆံရေးပဲဖြစ်ပါတယ်။ ခံစားချက်တွေအတူမျှဝေပြီး ပျော်ရွှင်စရာကောင်းတဲ့အခိုက်အတန့်တွေကိုဖန်တီးကြတဲ့ဆက်ဆံရေးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/ed/ed42e38821e2c45b7eaa5c7fe3daf91bc5f260c8.jpg

(၃) Codependent Relationship

ဒီဆက်ဆံရေးကိုတော့ အိမ်ထောင်ရှင်တွေကြားမှာတွေ့ရတာပဲဖြစ်ပါတယ်။ အပြန်အလှန်နားလည်မှုရှိပြီး ကလေးမွေးတာ ပြုစုပျိုးထောင်တာ စတဲ့အလုပ်တွေကိုအတူလုပ်ကိုင်ကြဖို့ရည်ရွယ်ထားကြတဲ့ဆက်ဆံရေးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=419,q=100/74/74626f0844dd93a10c537b22c03c172daafafbae.jpg

(၄) Casual Relationship

ဒီလိုဆက်ဆံရေးတွေက ချစ်သူဆက်ဆံရေးအဖြစ်မသတ်မှတ်နိုင်တဲ့ အတွဲတွေကြားကဆက်ဆံရေးလို့ဆိုနိုင်ပါတယ်။ အချင်းချင်းလိုအပ်မှသာ နှစ်ဦးသဘောတူတွေ့ဆုံတာတို့ ချိန်းတွေ့တာတို့လုပ်ကြတဲ့ဆက်ဆံရေးဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/07/070e1432d3d4725e3ff6c063440a5357537030ab.jpg

(၅) Open Relationship

ပွင့်လင်းမြင်သာမှုနှင့်အချုပ်အနှောင်တွေကိုဖယ်ရှားတဲ့ဆက်ဆံရေးဖြစ်ပါတယ်။ ပါတနာနှစ်ယောက်အနေနှင့် တစ်ခြားကိုယ်တွဲချင်တဲ့သူတွေကိုလည်းတွဲနိုင်သလို ကိုယ်လိုချင်တဲ့အချိန်တစ်ဖက်သူဆီကိုအချိန်မရွေးပြန်လာခွင့်ရှိတဲ့ဆက်ဆံရေးဖြစ်ပါတယ်။ ဒီဆက်ဆံရေးမှာဆိုရင် ကန့်သတ်ချက်တွေမရှိတာကြောင့် ဖောက်ပြန်တာတို့ လမ်းခွဲတာတို့မရှိပါဘူး။

https://s9.kh1.co/__image/w=650,h=434,q=100/20/20ce27059cacb39764f9a4cacd492ac39d1bbe35.webp

(၆) Toxic Relationship

လူတွေကိုစိတ်ဒုက္ခအပေးနိုင်ဆုံးဆက်ဆံရေးအမျိုးအစားဖြစ်ပါတယ်။ ဒီလိုဆက်ဆံရေးမျိုးဟာ ပါတနာတစ်ယောက်ရဲ့အမှားကြောင့်ဖြစ်စေ နှစ်ဖက်လုံးကြောင့်ဖြစ်စေ ပျော်ရွှင်မှု အနည်းအကျဥ်းတောင်မပေးဘဲ စိတ်ဒဏ်ရာတွေကိုသာဖြစ်စေတဲ့ဆက်ဆံရေးဖြစ်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T