အီကွေဒေါနိုင်ငံရှိ ဆေးရုံတစ်ခုမှာ ပြီးခဲ့သည့်သောကြာနေ့ (ဇွန် ၉ ရက်)က သေဆုံးသွားပြီလို့ အတည်ပြုထားတဲ့ အသက် ၇၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အသုဘအခမ်းအနားအတွင်း ရုတ်တရက် ပြန်နိုးလာခဲ့ပြီး ခေါင်းတလားကို ခေါက်ခဲ့တာကြောင့် ဆွေမျိုးများက အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။


အဆိုပါ အမျိုးသမီးဟာ အငြိမ်းစားသူနာပြု Bella Montoya ဖြစ်ပြီး လေဖြတ်ခြင်းနှင့် နှလုံးသွေးကြောကျဉ်းခြင်းကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေရတာပါ။ သောကြာနေ့ကတော့ Bella Montoya ကို အရေးပေါ်ခန်းသို့ ခေါ်ဆောင်လာချိန် သတိမရတော့တာကြောင့် နာရီအနည်းငယ်အကြာမှာ တာဝန်ကျဆရာဝန်တစ်ဦးက သူမသေဆုံးကြောင်း အကြောင်းကြားခဲ့ပြီး အထောက်အထားစာရွက်စာတမ်းများနှင့် သေဆုံးမှုလက်မှတ်ကို ပေးအပ်ခဲ့ကြောင်း ၊ အဲ့ဒီနောက် နေအိမ်ပြန်ရောက်ပြီး လေနာရီကြာမှတေ့ာ ခေါင်းတလားထဲကနေ အသံထွက်လာလို့ ဖွင့်ကြည့်လိုက်တဲ့ အခါမှာ မိခင်ပြန်နိုးလာတာကို တွေ့ခဲ့ရတယ်လို့ သားဖြစ်သူက ဆိုပါတယ်။

သားဖြစ်သူနှင့် ဆွေမျိုးများကတော့ သူမကို ဆေးရုံကို ချက်ချင်းပြန်ပို့ခဲ့ကြပေမယ့် တနင်္လာနေ့မှာ အခြေအနေက ဆိုးရွားနေဆဲလို့ ဆရာဝန်တွေက ပြောပါတယ်။ အဆိုပါ အမျိုးသမီးသေဆုံးကြောင်း အချိန်မတန်မီ ထုတ်ပြန်ခဲ့တဲ့ ဆရာဝန်နှင့် ပတ်သက်ပြီးတော့ လက်ရှိအချိန် အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။

သတင်း အရင်းအမြစ်៖ Source - CNA