Drama ကားတွေကြည့်ခြင်းရဲ့ ကောင်းကျိုးများ

//s9.kh1.co/2c/2c488285f79e1c3084fec5e01b08ea934a744272.jpg
MPT Lifestyle

 ၁၃-ဇွန်-၂၀၂၃ ၂pm · လွန်ခဲ့သော ၃ နှစ် က

Drama ကားတွေကြည့်ခြင်းရဲ့ ကောင်းကျိုးများ

ဒရာမာကားတွေကြည့်ခြင်းက အချိန်ကုန်ပြီး မျက်စိညောင်းစေရုံပဲမဟုတ်ဘဲ အကျိုးကျေးဇူးရတာတွေလည်းရှိပါတယ်။ ပထမဆုံးအနေနှင့် ဒရာမာကြည့်လေ့ရှိသူတွေဟာ ကိုယ်တိုင်နှင့်ပတ်ဝန်းကျင်အကြောင်းကိုပိုသိတတ်ကြပါတယ်။ ဒရာမာအများစုဟာ လက်တွေ့ဘဝကအဖြစ်အပျက်တွေကိုပဲ ရိုက်ကူးထားတာဖြစ်တာကြောင့် လူတွေအကြောင်းကိုပိုပြီးသိလာစေဖို့ကူညီပေးပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/77/77be65cae6e62a1802ef0575fbccc4c037ae21f8.webp

ဒါ့အပြင် ဒရာမာကြည့်သူတွေဟာ စိတ်ကူးစိတ်သန်းကောင်းမွန်လေ့ရှိကြပါတယ်။ မတူညီတဲ့အရာတွေကို ဇာတ်လမ်းတွေကနေတစ်ဆင့်မြင်တွေ့ဖူးတာကြောင့် တစ်ခြားသူတွေထက်ပိုပြီးတွေးခေါ်နိုင်ကြပါတယ်။ စိတ်ဖိစီးမှုနှင့် စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ဒရာမာကြည့်လေ့ရှိသူတွေဆီမှာမတွေ့ရတတ်ပါဘူး။ လက်တွေ့ဘဝရဲ့ဖိစီးမှုဝွေကို ဇာတ်လမ်းတွေကြည့်ခြင်းအားဖြင့် ဖြေဖျောက်လေ့ရှိတာကြောင့် ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=378,q=100/25/25e42df8f33ae111b3088af0bafabe27997e2479.jpg

ဇာတ်လမ်းထဲကဇာတ်ကောင်နှင့်တစ်ခြားသူတွေကို နားလည်နိုင်ဖို့ကြိုးစားရတာကြောင့် ကြောင်းကျိုးဆက်စပ်တွေးခေါ်ပုံနှင့် ကိုယ်ချင်းစာစိတ်တွေတိုးများလာစေနိုင်ပါတယ်။ တစ်ခြားသူတွေဖက်ကိုပိုပြီးနားလည်ပေးတတ်လာတာကြောင့် အချင်းချင်းဆက်ဆံရေးတွေမှာပိုပြီးကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေကိုဖြစ်လာစေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/c2/c26b2f9eba5f96890612f4db018fa3323635398f.jpg

လေ့လာချက်တွေအရ ဒရာမာတွေကြည့်တာဟာတစ်နည်းအားဖြင့် ဦးနှောက်နှင့် စိတ်ကိုအနားပေးတာဖြစ်ပေမဲ့ ပိုပြီးလှုပ်ရှားလာအောင်လှုံ့ဆော်ပေးတဲ့အရာလည်းဖြစ်တယ်လို့သိရပါတယ်။ မှတ်ဉာဏ်ကိုအသုံးပြုပြီး ဇာတ်လမ်းကိုလိုက်ပါစီးမျောရတာကြောင့် မှတ်ဉာဏ်ကိုလေ့ကျင့်ပေးသလိုဖြစ်နေမှာဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ခံစားချက်အတက်အကျတွေကို ဒရာမကနေတစ်ဆင့်ရရှိနိုင်တာကြောင့် စိတ်ခံစားချက်ပိုင်းကိုလည်းအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=433,h=650,q=100/0d/0dfbaaa0a6b89cef1ee580e67f55015a3a3d561e.jpeg
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T