ယောကျ်ားလေးနှင့် မိန်းကလေးတွေရဲ့အချစ်ရေး ကိုင်တွယ်ပုံကွာခြားချက်များ

//s9.kh1.co/88/88f4126593332a1b3fb83f092f9de1806a8a7059.jpg
MPT Lifestyle

 ၁၂-ဇွန်-၂၀၂၃ ၉am · လွန်ခဲ့သော ၂ နှစ် က

ယောကျ်ားလေးနှင့် မိန်းကလေးတွေရဲ့အချစ်ရေး ကိုင်တွယ်ပုံကွာခြားချက်များ

မိန်းကလေးနှင့်ယောကျာ်းလေးအများစုဟာ ဆက်ဆံရေးတစ်ခုထဲမှာအတူတူပေါင်းစည်းတဲ့အခါ ဒီဆက်ဆံရေးကိုကိုင်တွယ်တဲ့ပုံတွေ အများကြီးကွာခြားလေ့ရှိပါတယ်။ အကြောင်းကတော့ ခံယူချက်နှင့်စိတ်နေသဘောထားမတူတာကြောင့်ဖြစ်ပါတယ်။ အဓိကအနေနှင့် ဘာတွေကွာခြားလေ့ရှိလဲဆိုတာကိုဖော်ပြပေးသွားပါမယ်။

https://s9.kh1.co/__image/w=650,h=366,q=100/73/7336d8b735b8f4a519c82861b437a8de4fc3a6cf.webp

ယောကျာ်းလေးတွေဟာ မိန်းကလေးတွေထက် ပိုလွယ်လွယ်ကူကူချစ်သွားတတ်ကြပါတယ်။ ဆန့်ကျင်ဖက်အနေနှင့်တော့ မိန်းကလေးတွေကို တစ်ယောက်ယောက်ကိုအလွယ်တကူချစ်သွားတယ်ဆိုတာမရှိဘဲ အချိန်ပေးစောင့်ကြည့်ပြီးမှ ချစ်ကျွမ်းဝင်ကြလေ့ရှိပါတယ်။ ချစ်ခွင့်ပန်ပြီး ချစ်တယ်လို့ယောကျာ်းလေးအများစုကပဲ စတင်ပြောလေ့ရှိပေမဲ့ ချစ်သူဖြစ်ပြီးနောက်ပိုင်းမှာတော့ မိန်းကလေးတွေကပဲ ဆက်ပြီးတော့ချစ်တယ်လို့ပြောကြလေ့ရှိတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=509,h=339,q=100/07/0722b48ba8eac872dc64e497b4534c8d01bed997.jpg

ပြီးတော့ မိန်းကလေးတွေအတွက် ယောကျ်ားလေးတစ်ယောက်ကိုချစ်မိဖို့ဆို ရုပ်ရည်ကအရေးကြီးတဲ့နေရာမှာမပါဝင်ပါဘူး။ လေ့လာထားချက်တွေအရ မိန်းကလေးတွေအတွက် ရုပ်ရည်ကသိပ်အရေးမကြီးဘဲ စိတ်နေစိတ်ထားနှင့်အပြုအမူတွေကပဲ ပိုအရေးကြီးတတ်တယ်လို့သိရပါတယ်။ ဒါပေမဲ့ ယောကျ်ားလေးအများစုကတော့ ရုပ်ရည်ကိုအခြေခံပြီးပဲ အချစ်ရေးကိုရွေးချယ်တတ်ကြပါတယ်။

https://s9.kh1.co/__image/w=612,h=508,q=100/e8/e8db27431721411b9a339457c3a7a703dc3891bd.jpg

ထူးဆန်းတဲ့အချက်တစ်ခုကတော့ ဆက်ဆံရေးကြောင့်ဖြစ်ရတဲ့ပြဿနာတွေကိုရင်ဆိုင်ဖြေရှင်းရတဲ့နေရာမှာတော့ မိန်းကလေးတွေဟာ ယောကျ်ားလေးတွေထက် အများကြီးခံနိုင်ရည်ရှိတတ်ကြပါတယ်။ သူတို့အနေနှင့် ဒီလိုဆက်ဆံရေးပြဿနာတွေကြောင့်လွယ်လွယ်ကူကူမပြိုလဲတတ်ကြပါဘူး။ ယောကျာ်းလေးတွေကတော့ ဒီလိုပြဿနာတွေကို ခံနိုင်ရည်အားနည်းလေ့ရှိကြပါတယ်။

https://s9.kh1.co/__image/w=500,h=333,q=100/7d/7d5c9d5fee4057b16ffb2852d67e488dece4adba.webp
Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T