လုံခြုံရေးအဆင့်သတ်မှတ်ခံထားရတဲ့ စာတမ်းတွေကို မှားယွင်းစွာ စီမံခန့်ခွဲခဲ့မှုနဲ့ ပတ်သတ်ပြီး အမေရိကန် သမ္မတဟောင်း Donald Trump ကို ဖလော်ရီဒါပြည်နယ် မှာ တရားစွဲထားပါတယ်။

Trump ရဲ့ Palm Beach အိမ်ယာမှာ သိမ်းဆည်းခဲ့တဲ့ စာရွက်စာတမ်း ၁၃၀၀၀ ထဲမှာ လှို့ဝှက်စာတမ်း အခု ၁၀၀ ပါနေတယ်လို့ဆိုပါတယ်။ Trump ရဲ့ ရှေ့နေတွေကတော့ လုံခြုံရေးအဆင့်သတ်မှတ်ခံထားရတဲ့ စာတမ်း အားလုံးကို အိမ်ဖြူတော်ကို လွှဲပြောင်းခဲ့ပြီးပြီလို့ပြောပြီး ဒီအမှု့နဲ့ပတ်သတ်ပြီး ငြင်းဆန်ထားပါတယ်။

US Justice Department ကတော့ Trump အိမ်ဖြူတော်ကနေ ထွက်ခွါခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ လုံခြုံရေးအဆင့် သတ်မှတ်ခံထားရတဲ့ စာတမ်းတွေကို သေချာစွာ စီမံခန့်ခွဲခြင်း ရှိခဲ့ မရှိခဲ့ကို စစ်ဆေးနေကြပါတယ်။

တကယ်ပဲ Trump က လှို့ဝှက်စာတမ်းတွေကို သိမ်းထားခဲ့ခြင်း ရှိမရှိကို ဆက်လက် စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။
