ကလေးတွေကို တစ်သက်လုံးစိတ်ဒဏ်ရာရစေနိုင်တဲ့ မိဘတွေရဲ့အပြုအမူများ

//s9.kh1.co/94/94949502859aadce3fcdb5fc926a79162b358b8e.jpg
MPT Lifestyle

 ၀၈-ဇွန်-၂၀၂၃ ၁pm · လွန်ခဲ့သော ၂ နှစ် က

ကလေးတွေကို တစ်သက်လုံးစိတ်ဒဏ်ရာရစေနိုင်တဲ့ မိဘတွေရဲ့အပြုအမူများ

မိဘတွေရဲ့မရည်ရွယ်တဲ့အပြုအမူတစ်ချို့ဟာ ကလေးတွေအတွက်တစ်သက်စာ ကြီးမားတဲ့စိတ်ဒဏ်ရာလိုမျိုးဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကလေးငယ်ရှိတဲ့မိဘတွေဟာ ကလေးအပေါ်ဆက်ဆံပုံနှင့် အပြုအမူတွေကိုအများကြီးဂရုစိုက်ဖို့လိုအပ်ပါတယ်။

https://s9.kh1.co/__image/w=650,h=367,q=100/fb/fb76b213a950fdb3aa147c03a821194714b0946c.jpg

မိဘတွေရဲ့ ကောင်းစေချင်လို့ဆိုတဲ့ ရိုက်နှက်ဆိုဆုံးမမှုတွေဟာ အခန့်မသင့်ရင်ကလေးငယ်ကိုမကောင်းတဲ့သက်ရောက်မှုတွေဖြစ်သွားစေနိုင်ပါတယ်။ အရိုက်ခံရတာကို ကောင်းအောင်လုပ်ပေးတဲ့နည်းလမ်းတစ်ခုအဖြစ်မှားယွင်းယူဆသွားနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/cb/cb43604b34d3276f214306148776961f288768cf.webp

ကလေးတွေကိုချစ်ခင်ကြောင်း အမူအယာ လုပ်ဆောင်မှုတွေမပြခြင်းကလည်း သူတို့ကိုယ်သူတို့ အချစ်မခံရဘူးလို့ခံစားစေနိုင်ပါတယ်။ပြီးတော့ ကလေးတွေရှေ့မှာ မိဘတွေရန်ဖြစ်တာ စကားများတာတွေကလည်း ကလေးငယ်ကိုစိတ်မလုံခြုံမှုခံစားရစေပြီး စိတ်ဒဏ်ရာဖြစ်စေနိုင်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/07/07d05a1e395677d2893d0ba7a398122d22da613a.jpg

ကလေးတွေရဲ့ ခံစားချက်နှင့် အပြုအမူတွေကိုအရေးတယူမလုပ်တာကလည်း ကလေးရဲ့စိတ်ထားကိုပြောင်းလဲစေနိုင်ပါတယ်။ကလေးတွေကို သူတို့ကိုယ်ပိုင်အမြင်နှင့် သူတို့ရဲ့ဖြစ်တည်မှုကို အတင်းပြောင်းလဲပေးတာကလည်း ကောင်းမွန်တဲ့အရာမဟုတ်ပါဘူး။

https://s9.kh1.co/__image/w=650,h=434,q=100/1f/1f50c458efcd9a48a5777dbec7b33ce735a0ce1b.jpg

ဒီလိုပြောင်းလဲခံလိုက်ရတဲ့ကလေးအများစုဟာ သူတို့ကိုယ်ပိုင်ယုံကြည်ချက်ကို လုံးဝဆုံးရှုံးသွားတတ်ကြပါတယ်။ ဒါကြောင့်မိဘတွေအနေနှင့် စိတ်ရောကိုယ်ပါ ကျန်းမာတဲ့ကလေးတွေကိုပျိုးထောင်နိုင်ဖို့ သေချာဂရုစိုက်သင့်ပါတယ်။

Cho Thae Mar
Jolly

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T