ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က အိန္ဒိယနိုင်ငံ Odisha ပြည်နယ်မှာ ခရီးသည်တင်ရထားနှစ်စင်း တိုက်မိခဲ့တဲ့ ဖြစ်စဉ်မှာ သေဆုံးအရေအတွက် ၂၈၈ ဦးထိ ရှိလာခဲ့ပြီလို့ ဗုဒ္ဓဟူးနေ့ (ဇွန် ၇ ရက်)မှာ ထုတ်ပြန်လာခဲ့ပါတယ်။

မီးရထားမှ ပြောရေးဆိုခွင့်ရှိသူ Aditya Kumar Chaudhary က သတင်းထောက်တွေကိုပြောကြားရာမှာ ရထားဟာ ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းမှာ ကာလကတ္တားအနီးရှိ Shalimar ဘူတာရုံကနေ ချန်နိုင်းမြို့ကို ၂၅ နာရီထွက်ခွာလာခဲ့တာဖြစ်ပြီး Odisha ပြည်နယ် အရှေ့ပိုင်း Balasore အနီးမှာ သောကြာနေ့က မတော်တဆ တိုက်မိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့နှောင်းပိုင်းက တရားဝင်သေဆုံးသူဦးရေထုတ်ပြန်ချက်မှာတော့ သေဆုံးသူ ၂၈၈ ဦးအထိ တိုးလာခဲ့ပြီး အစောပိုင်းတရားဝင်စုစုပေါင်း ၂၇၅ ဦးထက် မြင့်တက်လာကြောင်း ပြောကြားခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူမှာ အနည်းဆုံး လူပေါင်း ၁၁၇၅ ဦးထိရှိခဲ့ပြီး အများစုမှာ စိုးရိမ်ရသည့် အခြေအနေမှာ ရှိနေတာဖြစ်လို့ ဆေးရုံမှာ ကုသမှုခံယူနေဆဲဖြစ်တယ်လို့ ဖော်ပြချက်တွေအရ သိရပါတယ်။

သတင်း အရင်းအမြစ်៖ Source - CNA