ကမ္ဘာပေါ်မှာ ဗျိုင်းမျိုးစိတ်များစွာရှိတဲ့အနက် လူသိများတဲ့ အကြီးဆုံး မျိုးစိတ်တစ်ခုကတော့ Ardea herodias လို့ ခေါ်တဲ့ အပြာရောင်ဗျိုင်းမျိုးစိတ်ပါ။ အများသောအာဖြင့် အပြာရောင်ဗျိုင်းတွေကို မြောက်အမေရိကရဲ့ အလယ်ပိုင်းဒေသတွေမှာ တွေ့ရပြီး မြစ်များ၊ အင်းအိုင်များ၊ ကန်များနှင့် ကမ်းရိုးတန်းဒေသများ အပါအဝင် မိုးနည်းတဲ့ နေရာမျိုးစုံမှာ နေထိုင်ကျက်စားကြပါတယ်။
![Photo Credit - From Google ](https://s9.kh1.co/__image/w=480,h=360,q=100/3f/3f3cca2385fcef71b65880836c96bec0eaf9a4c2.jpg)
![Photo Credit - From Google ](https://s9.kh1.co/__image/w=650,h=440,q=100/4d/4d4a847fa97bf80f29e571e9f8d2038f652bc28e.jpg)
အပြာရောင်ဗျိုင်းတွေ ဘယ်လောက်တောင်ကြီးမားလဲဆိုရင် သူတို့ရဲ့ အတောင်ပံက ၆ ပေမှ ၇ ပေထိရှည်လျှားကြတယ်လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် ငါးတွေကိုပဲ ဖမ်းယူစားသောက်ကြပေမယ့် ရံဖန်ရံခါ ကုန်းနေရေနေသတ္တဝါများ၊ တွားသွားသတ္တဝါများ၊ နို့တိုက်သတ္တဝါငယ်များနှင့် အင်းဆက်များကို စားသုံးကြပါတယ်။ အံ့ဩစရာက ကြွက်တွေ ၊ မိချောင်းပေါက်တွေဆိုရင် အကောင်လိုက်တောင် မျိုချနိုင်ပါတယ်။
![Photo Credit - From Google ](https://s9.kh1.co/__image/w=256,h=197,q=100/e4/e4d831c6c20cb2610dce7f38e18dd030487d2a67.jpg)
![Photo Credit - From Google ](https://s9.kh1.co/__image/w=650,h=347,q=100/3b/3b3ce4c48a9b503851deb1ff6aa934f3079b409c.jpg)
အသိုက်များဆောက်လုပ်ရာမှာလည်း အခြားဗျိုင်းမျိုးစိတ်တွေလို မြင့်မားတဲ့ သစ်ပင်ကြီးတွေပေါ်မှာပဲ ဆောက်ကြတာပါ။ အပြာရောင် ဗျိုင်းမတွေကတော့ မျိုးဥချချိန်မှာ ၃ လုံးမှ ၆ လုံးအထိ ဥလေ့ရှိပြီး သားပေါက်သွားတဲ့အခါ မိဘနှစ်ပါးစလုံးက ၂၈ ရက်မှ ၂၉ ရက်ခန့်ကြာ အလှည့်ကျ စောင့်ရှောက်ကြပါတယ်။ လက်ရှိမှာတော့ အပြာရောင် ဗျိုင်းတွေဟာ မျိုးသုဉ်းမယ့်အန္တရာယ် မရှိသေးပေမယ့် သစ်တော့ ဖြုန်းတီးမှုနှင့် လေထုညစ်ညမ်းမှုတွေကြောင့် အသိုက်များပျက်စီးမှုများတော့ ကြုံတွေ့နေရပါတယ်။
![Photo Credit - From Google ](https://s9.kh1.co/__image/w=639,h=960,q=100/66/66afd2939f1e2ca53d835acbcf662cefe8fc6418.jpg)
![Photo Credit - From Google ](https://s9.kh1.co/__image/w=650,h=366,q=100/ad/adb327c9feda9c178112e822193dd7c2bbc143a8.jpg)
သတင်း အရင်းအမြစ်៖ Source - Internet