မိုးကြိုး ထိမှန်ပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့ ပုဂံ ဗူးဘုရား

//s9.kh1.co/36/36b4a633269bea6cc3cf0630adf0d85a701d59f5.jpg
နေ့စဉ်သတင်းများ

 ၀၇-ဇွန်-၂၀၂၃ ၁၂pm · လွန်ခဲ့သော ၁၀ လ က

မိုးကြိုးကြောင့်ထိခိုက်ပျက်စီးမှုတွေအနေနဲ့ အနည်းငယ်သာရှိခဲ့တယ်လို့ သိရ...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် ၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ နှစ်ပေါင်းထောင်ချီသက်တမ်းရှိ ဗူးဘုရား ကို မနေ့က ညပိုင်း မိုးကြိုးပစ်ခံရပြီး စေတီမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ယမန်နေ့ ဇွန်(၆)ရက်နေ့ ၊ ည(၉)နာရီခွဲကျော်အချိန်လောက်က ပုဂံညောင်ဦးမှာ မိနစ်(၂၀)ခန့်ကြာ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် ပုဂံ ဗူးဘုရား မိုးကြိုးစက်ကွင်းမိကာ ထိခိုက်ပျက်စီးမှု တချို့ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

မိုးကြိုးပစ်ခတ်မှုကြောင့် ဗူးဘုရားရဲ့ လုံးပတ်မှာ စက်ကွင်း ထိမှန်ခဲ့ပြီး တစ်လက်မခွဲအရွယ် အပေါက်ရာ နှစ်ခု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဇကောကွက်လိုမျိုး အရာ ထင်ခဲ့ပြီး ထီးတော် ထိခိုက်မှုအနေဖြင့် စိန်ဖူးတော်အောက်ခံ ကြာဖတ် ပဲ့သွားခြင်း၊ ငှက်ပျောဖူး ကြာဖတ်ထိပ်ပိုင်း ခြောက်လက်မခန့် ပဲ့သွားခြင်း၊ ထီးတော်ပတ်လည်မှာ ချိပ်ဆွဲထားတဲ့ ကြေးခေါင်းလောင်းများ မဲသွားခြင်းများ ဖြစ်ပြီး ထိခိုက်ပျက်စီးမှု အနည်းငယ်သာရှိကြောင်း သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T