ချိုချိုမွှေးမွေး ပေါင်မုန့်အုန်းနို့ဆမ်းလေး

//s9.kh1.co/c8/c8930ce44df6ae224204c8a8719e615798025ef2.jpg
MPT Lifestyle

 ၁၂-ဇွန်-၂၀၂၃ ၈am · လွန်ခဲ့သော ၂ နှစ် က

ပေါင်မုန့် အုန်းနို့ဆမ်းလုပ်စားကြမယ်...

ပေါင်မုန့် အုန်းနို့ဆမ်းလုပ်စားကြမယ်...

အစာပြေအနေနဲ့ ပေါင်မုန့်အုန်းနို့ဆမ်း လုပ်စားကြည့်ရအောင်နော်... မိုးလေးကလည်း အေးနေတော့ အိမ်မှာနေပြီး ဒါမျိုးလေးတွေလုပ်စားကြည့်နော်... ပါဝင်ပစ္စည်းတွေကလည်း အရမ်းမများပဲလုပ်ရတာလည်းလွယ်တာမလို့ အတူတူလိုက်လုပ်စားကြည့်ရအောင်...

https://s9.kh1.co/__image/w=650,h=932,q=100/95/954a3fa2747861956902f791d3b3048797cda91d.jpg

ပါဝင်ပစ္စည်းများ

အုန်းသီး၁လုံး (အုန်းနို့ညှစ်ထားပါ)

သကြား - (၁၀ကျပ်သား)

ပေါင်မုန့် - (၁ထုပ်)

ဆား အနည်းငယ်

ရေ အနည်းငယ်

ပါဝင်ပစ္စည်းတွေကလဲနည်းတော့ အရမ်းကြီးအလုပ်မရှုပ်တော့ဘူးပေါ့

ဘယ်လိုလုပ်လဲ.....ကြည့်လိုက်ရအောင်နော်

https://s9.kh1.co/__image/w=312,h=162,q=100/5c/5c4325781b84d5aea813652f32271e5ec162fbfe.jpg

သကြားကို အရင်ကျိုရပါမယ်။ပြီးလျှင် ရေထည့်ပါ။ (ရေသန့်ဘူးသေးရဲ့၃ပုံ ပုံရင် ၁ပုံထည့်ပါ။)

ထို့နောက်မီးဖိုပေါ်မှာတင်ထားပါ ရေပွက်လာလျှင် သကြားထည့်ပြီးကျေသည်အထိ ကျိုပေးပါ။

သကြားရည်ကျိုပြီးလျှင် အုန်းနို့ရည်တွေကို ရောထည့်ပြီးကျိုပေးပါ။ဆားအနဲငယ်ပါထည့်ရ်ျ ၁၅ မိနစ်ခန့်ကျိုပေးပါ။

အုန်းနို့ရည်တွေပျစ်ပျစ်လေးဖြစ်လာပြီဆိုရင်ရပါပြီ။

ပေါင်မုန့်ပေါ်သို့ အုန်းနို့ရည်တွေဆမ်းလိုက်ပါ။

ဒါဆိုအရသာရှိပြီးစားကောင်းတဲ့ ပေါင်မုန့်အုန်းနို့ဆမ်းလေးကိုရရှိမှာဖြစ်ပါတယ်။

အရမ်းကိုစားကောင်းပြီးအရသာရှိတဲ့ အစာပြေစာလေးမလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်...

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T