ဗန်းမော်ဆရာတော်ကြီး ရဲ့ ရုပ်ကလာပ်တော် အား မီးပူဇော် တေဇောဓာတ်လောင်ကျွမ်းပြီးနောက် ကျန်ရစ်ခဲ့တဲ့ အရိုးတော်များ

//s9.kh1.co/ba/ba2a287cea158b4ae8cd10375bdf70daa268fcf5.jpg
နေ့စဉ်သတင်းများ

 ၀၇-ဇွန်-၂၀၂၃ ၉am · လွန်ခဲ့သော ၁၀ လ က

ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော် ကို စျာပနကွင်းသို့ ပင့်ဆောင်ရာမှာလည်း အများပြည်သူက....... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ မန္တလေး တိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ဗန်းမော်ကျောင်းတိုက်ကြီးရဲ့ ပဓာနနာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ ၊ ဗန်းမော်ဆရာတော်ကြီးဟာ မေလ (၂၅)ရက်နေ့ ၊ သက်တော် (၉၄) နှစ် ၊ သိက္ခတော် ဝါတော် (၇၄) ဝါ မှာ ပျံလွန်တော်မူခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

ဒါ့ကြောင့် ဗန်းမော်ဆရာတော်ကြီး ရဲ့ ဥတုဇ ရုပ်ကလာပ်တော်အား ယမန်နေ့ ဇွန်လ (၆)ရက်နေ့ ည ပိုင်းမှာ မန္တလေးတိုင်း ၊ ချမ်းမြသာစည် လေဆိပ်ဟောင်းရှိ စျာပနကွင်းမှာ မီးပူဇော် တေဇောဓာတ် လောင်ကျွမ်းခဲ့ပါတယ်။ မီးမပူဇော်ခင် ဈာပနကွင်းကို ဗန်းမော်ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ပင့်ဆောင်ရာလမ်းတစ်လျှောက်မှာ ဆရာတော်ဘုရားကြီးကို အများပြည်သူက စောင့်ဆိုင်းကာ ဖူးမြော်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အလွန်ကြည်ညိုလေးစားဖွယ်ကောင်းတဲ့ ဗန်းမော်ဆရာတော်ကြီးရဲ့ ဥတုဇ ရုပ်ကလာပ်တော် အား တေဇောဓာတ်သွင်းပြီးလို့ ကျန်ရစ်တဲ့ အရိုးဓာတ်ပြာတော်တွေကိုတော့ သရီရဓာတုပဝါဟနပူဇာ အရိုးဓာတ်ပြာတော်များ ရေမျောပူဇော်သဘင်အခမ်းအနား ပြုလုပ်သွားမှာဖြစ်ပြီး အဆိုပါ အခမ်းအနားကိုတော့ ဇွန်လ (၇) ရက် နံနက် (၅) နာရီမှာပြုလုပ်သွားမယ်လို့ သိရပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T