ယမန်နေ့က သုဝဏ္ဏဘောလုံးကွင်းမှာ ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ၊ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာ ယူ-၂၀ အသင်းနှင့် နီပေါ ယူ-၂၀ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရမှာ မြန်မာအသင်းက (၅-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။


မြနမာအသင်းရဲ့ အနိုင်ဂိုးတွေကို ဇင်မိုးပြည့် ၁ ဂိုး ၊ ယဉ်လွန်းအိမ် ၃ ဂိုး နှင့် ယွန်းဝတီလှိုင် ၁ ဂိုး တို့က အသီးသီး သွင်းယူပေးခဲ့တယ်လို့ သိရပါတယ်။ မြန်မာယူ - ၂၀အမျိုးသမီးဟာ လာမည့် ဇွန် ၈ ရက်နေ့မှာလည်း တရုတ်(တိုင်ပေ) အသင်းနှင့် ယှဉ်ပြိုင်ကစားရမှာ ဖြစ်သလို ဇွန် ၁၀ ရက်မှာလည်း တရုတ်အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ နောက်ကစားမည့် တရုတ်(တိုင်ပေ)အသင်းကို အနိုင်ရရှိမယ်ဆိုရင် ရမှတ် ၆ မှတ်ဖြင့် ဒုတိယအဆင့် ခြေစစ်ပွဲကို အောင်မြင်မှာ ဖြစ်ပါတယ်။ ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုနှစ်ခုမှ အုပ်စုပထမနှင့် ဒုတိယရတဲ့ အသင်းလေးသင်းမှာ ဥဇဘက်ကစ္စတန်၊ ဂျပန်၊ မြောက်ကိုရီးယား၊ တောင်ကိုရီးယား အသင်းတို့နှင့်အတူ ခြေစစ်ပွဲ အောင်မြင်မှာလည်း ဖြစ်ပါတယ်။


၂၀၂၄ အာရှအမျိူးသမီး ယူ-၂၀ ပြိုင်ပွဲကိုတော့ ဥဇဘတ်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရတဲ့ အသင်း ၃ သင်းသာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မှာလည်း ဖြစ်ပါတယ်။

သတင်း အရင်းအမြစ်៖ Source- MFF