မန်ချက်စတာယူနိုက်တက် အသင်း ရဲ့ အားထားရတဲ့ ကစားသမားတစ်ဦးဖြစ်သလို ဘောလုံးဝါသနာရှင် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အပြည့်အဝရရှိထားသူ Antony ကိုတော့ အားလုံး သိကြမှာပါ။

လက်ရှိမှာတော့ Antony ဟာ ဒဏ်ရာရရှိထားတာကြောင့် အနားယူနေရတာဖြစ်သလို အဲ့လိုအနားယူနေတဲ့အချိန်မှာပဲ သူ့ရဲ့ လူမှုရေးပြဿနာတစ်ရပ်ဟာ ပေါ်ထွက်လာခဲ့ပါပြီ ။ Antony ရဲ့ ရည်းစားဟောင်းဖြစ်သူ Gabriela Cavallin က သူမကို Antony က နာကျင်အောင်ပြုလုပ်မှု၊ ခြိမ်းခြောက်မှုတို့ဖြင့် မနေ့က ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့ရှိ ရဲစခန်းတွင် စွပ်စွဲချက်ပြုလုပ်ကာ အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရပါတယ်။

Gabriela Cavallin ကို Antony က ဇူလိုင် (၂၀၂၂) မှ စတင်ကာ နာကျင်အောင်ပြုလုပ်မှု ဖြစ်ပြီး အလားတူဖြစ်ရပ်မျိုး (၄) ကြိမ် အထိ ရှိခဲ့ကြောင်းလည်း အဆိုပါရည်းစားဟောင်းဖြစ်သူမှ စွပ်စွဲခဲ့ကြောင်း သိရပါတယ်။ အဆိုပါပြဿနာရပ်ကို Antony က ဘာမှ မဖြေရှင်းသေးပေမယ့် ပရိသတ်တွေကတော့ Antony ကို လက်မလွှတ်ချင်ကြတာကြောင့် သူ့ရဲ့ အမှုကို Greenwood လိုမျိုးဖြစ်သွားမှာ တအားကို စိတ်ပူနေကြပါတယ်။
