မန်ချက်စတာယူနိုက်တက်အသင်း မှာ အငှားစာချုပ်နဲ့ ချုပ်ဆိုပြီး ကစားနေတဲ့ တိုက်စစ်မှူးကြီး Weghorst ကတော့ စာချုပ်အပြီးသတ်မချုပ်ဆိုရသေးခင်မှာပဲ မန်ချက်စတာယူနိုက်တက်အသင်းကို သံယောဇဉ်တွယ်နေပြီဖြစ်ကြောင်း သူ့ရဲ့လှုပ်ရှားမှုတွေကို ကြည့်ရင်း သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်း ကလည်း Weghorst ကို အငှားစာချုပ်နဲ့လာရောက်ကစားတယ်ဆိုတာ မေ့သွားလောက်တဲ့အထိကို သူ့ကိုသဘောကျနေကြတာဖြစ်ပြီး အပြီးသတ်ဝယ်ယူရန် အကုန်လုံးက ဆန္ဒရှိနေကြပါတယ်။

သို့ပေမယ့်လည်း ဒီဆန္ဒတွေက တကယ် မဖြစ်လာတော့ပါဘူး။ ဘာကြောင့်လဲဆိုရင်တော့ Weghorst ကို မန်ချက်စတာယူနိုက်တက်အသင်းက အပြီးသတ် ဝယ်ယူမှာမဟုတ်တာကြောင့်ပဲဖြစ်ပါတယ်။ Weghorst ကိုယ်တိုင်ကလည်း မန်ချက်စတာယူနိုက်တက်အသင်း မှာ ဆက်နေချင်စိတ်ရှိပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေက Weghorst ရဲ့ စွမ်းဆောင်ရည်က အပြီးသတ်ဝယ်ယူရလောက်အောင် မတန်တာကြောင့် မဝယ်တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
