ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းနိုင်ငံတောင်ပိုင်းရှိ အဓိကကျ ဆိုဗီယက်ခေတ် ရေကာတာတစ်ခု ဇွန် ၆ ရက် အင်္ဂါနေ့ (ဇွန် ၆ ရက်)မှာ ကျိုးပေါက်ခဲ့လို့ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

ယူကရိန်းစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ အဆိုပါ ရေကာတာဟာ ရေအားလျှပ်စစ် ထုတ်ထုပ်တာဖြစ်ပြီး ရုရှားတပ်ဖွဲ့က ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။ အဆိုပါ ရေကာတာကို ၁၉၅၆ ခုနှစ်က Dnipro မြစ်ပေါ်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။


ရေကာတာ ကျိုးပေါက်ခဲ့ပြီးနောက်ပိုင်းမှာ နာရီပိုင်းအတွင်း လူနေအိမ်တွေကြား ရေအများအပြား ဝင်ရောက်ခဲ့တာကြောင့် ဒေသခံတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။ ယခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးဟာ အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီအစည်းအဝေးခေါပြီး ယူကရိန်းတာ၀န်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


သတင်း အရင်းအမြစ်៖ Source - NHK