ဘောလုံးလောကမှ အနားယူလိုက်တဲ့ မိုဗစ်ချ်ကို အားပေးစကားပြောကြားလာတဲ့ ဒေးဗစ်ဘက်ခမ်း

//s9.kh1.co/aa/aa4b258ffa14eed07b85d6ae9fc9bdf619b7006b.jpg
အားကစားသတင်းများ

 ၀၆-ဇွန်-၂၀၂၃ ၁pm · လွန်ခဲ့သော ၁၀ လ က

" မင်းကို အားပေးရင်း မင်းရဲ့ ပွဲစဉ်တွေကို ကြည့်ခဲ့ရတာဟာ တကယ်ကို "...... (အပြည့်အစုံဖတ်ရန် ပုံ ကိုနှိပ်ပါ)

ဘောလုံး နတ်ဘုရားကြီး လို့ တင်စားခေါ်ဝေါ်ရသူဖြစ်သလို သူကန်တဲ့ ကစားပွဲတိုင်းကို အကောင်းဆုံးခြေစွမ်းနဲ့သာ ကစားလေ့ရှိတဲ့ ဘောလုံးသမားကြီး ဇလာတန် အီဘရာဟီမိုဗစ်ချ် ဟာ ဘောလုံးသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ဇွန်လ (၅)ရက်နေ့အစောပိုင်းက ရုတ်တရက် ကြေညာခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader

အသက်(၄၁)နှစ်အရွယ်ရှိ အေစီမီလန်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ချ် ဟာ အစောပိုင်းကတော့ သူသိပ်တန်ဖိုးထားရတဲ့ ကစားသမားဘဝကို ကြိုးစားကာ ရှေ့ဆက်ကြည့်ဦးမယ်ဖြစ်ကြောင်း ဆိုခဲ့ပေမယ့်လည်း ဆုံးဖြတ်ချက်ကို ပြင်ဆင်ကာ အပြီးသတ်အနားယူခဲ့ကြောင်း တရားဝင်ထုတ်ပြန်ကြေညာခြင်းကို အေစီမီလန် ကွင်းမှာ တရားဝင်ထုတ်ပြန်ခဲ့တာပါ။

Photo Credit From Original Uploader
Photo Credit From Original Uploader

မိုဗစ်ချ် ဟာ အနားယူကြောင်းတရားဝင်ထုတ်ပြန်ခဲ့စဉ်က မျက်ရည်ကျခဲ့တာကိုတော့ ပရိသတ်အားလုံးက မြင်တွေ့ရမှာပါ။ အခုလို အနားယူလိုက်ခြင်းနဲ့ပတ်သက်လို့ တစ်ချိန်က ဖရီးကစ်ဘုရင်လို့တင်စားခံရတဲ့ ဒေးဗစ်ဘက်ခမ်းက မိုဗစ်ချ်ကို "မင်းရဲ့ပွဲစဉ်တွေအားလုံးကိုကြည့်ရင်း မင်းကိုအားပေးခဲ့ရတာက တကယ့်ကို ပျော်စရာကောင်းခဲ့ပါတယ် " လို့ရေးသားခဲ့ပါတယ်။

Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Photo Credit From Original Uploader
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T