ပုစွန်ကို ဆီပြန်ကြီးချက်မစားပဲ အိုးလေးထဲမှာပဲ ဆီပူပူလေးနဲ့ ချက်စားကြည့်ကြမယ်...
ပုဇွန်ကို ငရုတ်သီးအကြမ်းမှုန့်၊ ပင်စိမ်းတို့နှင့် အိုးပူတိုက်ထားလို့အ၇မ်းမွှေးပြီး စားလို့အရမ်းကောင်းပါတယ်။ ချက်ဖို့အချိန် အရမ်းပေးစရာမလိုပဲ လွယ်ကူမြန်ဆန် စားကောင်းတဲ့ဟင်းတစ်ခွက်ပါ။အိမ်မှာ ချက်ကြည့်ကြနော်။

ပါ၀င်သောပစ္စည်းများ
၁။ ခေါင်းမပါသောပုဇွန် - ၂၅ ကျပ်သား (သို့) ၁ ပေါင်
၂။ ဆား - လက်ဖက်ရည်ဇွန်း တ ၀က်
၃။ ကြက်သွန်ဖြူ - ၂ တက်
၄။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း
၅။ ပင်စိမ်းအရွက် - ၁၀ ရွက် (သို့) ၁၅ ရွက်
၆။ ငရုတ်သီး အကြမ်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ( အစပ် ကြိုက်လျှင် ပိုထည့်ပါ။)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ပုဇွန်ကို အခွံခွာ သန့်စင်ပြီး ရေခြောက်အောင်လုပ်ထားပါ။
၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ ထည့်ရ်ျ ဆီသတ်ပါ။
၃။ ကြက်သွန်ဖြူ အနံ့မွှေးလာလျှင် ပုဇွန်များကို ထည့်၊ ဆား၊ ငရုတ်သီးအကြမ်းမှုန့်တို့ကိုထည့်ရ်ျ လှိမ့်ပါ။ (ေ၇လုံး၀မထည့်ပါနဲ့။ေ၇ထည့်လိုက်လျှင် ပုဇွန်တွေမွှေးမလာပဲနေပါလိမ့်မည်။)
၄။ ပုဇွန်များကွေးလာပြီး ကျက်လျှင် မီးဖိုပေါ်မှချခါနီးတွင် ပါးပါးလှီးထားသော ပင်စိမ်းရွက်များကို ထည့်ပါ။
၅။ အနံ့မွှေးမွှေး စပ်စပ် ပုဇွန်အိုးပူတိုက် ဟင်း၊ ပြုတ်ထားသော ပန်းမုန်လာအစိမ်း၊ ထမင်းတို့ဖြင့် သုံးဆောင်နိုင်ပါပြီ။
အရမ်းကို စားလို့ကောင်းပြီးမွှေးမွှေးလေးနဲ့မလို့ ထမင်းမမြိန်မှာ မပူနဲ့တော့နော်