ပုစွန်နာနတ်သီးကြော် ကြော်စားကြမယ်

//s9.kh1.co/be/be0c42632e789259a66c57e3a0b918e1e35cf49e.jpg
MPT Lifestyle

 ၀၇-ဇွန်-၂၀၂၃ ၈am · လွန်ခဲ့သော တစ်နှစ် က

အိမ်ရှင်မတွေအတွက် ထူးကဲ တဲ့အရသာရှိပြီးချက်ရလွယ်တဲ့ ပုစွန်နာနာတ်သီးကြော်

ပုစွန်နာနတ်သီးကြော် ကြော်စားကြမယ်

ပုစွန်ရဲ့ အချိုဓာတ်နဲ့ နာနာတ်သီးရဲ့ အချိုပေါင်းစပ်ပြီး ဟင်းတစ်ခွက်အနေနဲ့ ဖန်တီးလိုက်တဲ့အခါ အရမ်းကိုစားလို့ကောင်းတဲ့ ဟင်းတစ်ခွက်ဖြစ်လာမယ်ဆိုတာ သိပြီးကြပြီလား... ဒီတစ်ခေါက်မှာ ဘာချက်ရမလဲ စဉ်းစားနေရတဲ့ အိမ်ရှင်မတွေအတွက် ထူးကဲ တဲ့အရသာရှိပြီးချက်ရလွယ်တဲ့ ပုစွန်နာနာတ်သီးကြော် လုပ်နည်းလေးကို ပြောပြမယ်နော် ...

https://s9.kh1.co/__image/w=650,h=457,q=100/8c/8c27a9e1b2223bf6298efad773bfd14024d3e7c0.jpg

ပုဇွန်နာနတ်သီးကြော်ရန်အတွက်ပုဇွန်ကျား၅၀သားအခွံခွာကျောခွဲထားပါ

နာနတ်သီးတလုံးကိုအနေတော်လေးတွေလှီးထားပါပထမဆုံးဆီ၃ကျပ်သားကိုဆူလာရင်ကြက်သွန်ဖြူ၁၀မွှာဒါးပြားရိုက်ထားတာရယ်ကြက်သွန်နှီအကြီး၂လုံးတလုံးကို၈စိတ်စိတ်ထားတာရယ်ထည့်ကြော်ပါ

https://s9.kh1.co/__image/w=650,h=975,q=100/80/8038c6582bf48d4d50c418692b943025313e842e.jpg

ကြက်သွန်တွေနွမ်းလာရင်ပုဇွန်ကျားများထည့်ပါနီလာအောင်ကြော်ပါပုဇွန်တွေနီလာရင်တော့နာနတ်သီးလှီးထားတာထည့်ပါ

ကြက်သားမှုန့်ထမင်းစားဇွန်းတဝက်ထည့်ပါရှာလကာရည်ထမင်းစားဇွန်း၂ဇွန်းထည့်ပါရေတဖန်ခွက်ထည့်ပါ

ပြီးရင်ခရမ်းချဉ်သီးဆော့ထမင်းစားဇွန်း၃ဇွန်းထည့်ပြီး၃မိနစ်ကြော်ပေးပါ

https://s9.kh1.co/__image/w=650,h=434,q=100/b8/b8f6fcc54225ea624ecc740e4c487cec4483aae0.jpg

ပြီးရင်တော့ကြက်သွန်မြိတ်၅ပင်အနေတော်ဖြတ်ထားတာရယ်၊ ငရုတ်သီးစိမ်းအနီတောင့်အရှည်သီး၂တောင့်ပါးပါးလှီးထားတာရယ်ထည့် ပြီးခနမွှေပေးပြီးရင်တော့ပုဇွန်နာနတ်သီးကြော်ချိုချဉ်လေးရပါပြီရှင့်...

အရသာရှိပြီးစားလို့ကောင်းတဲ့ ချိုချိုမွှေးမွှေး ပုစွန်နာနတ်သီးကြော်လေးကိုရပါပြီနော်...အရမ်းစားလို့ကောင်းလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်

Shun Lei Phyo
Shally Bo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T