ဘောလုံး ပရိသတ်တွေအားလုံးက ဘောလုံး နတ်ဘုရားကြီး လို့ တင်စားခေါ်ဝေါ်ကြပြီး ကစားပွဲတိုင်းကို အကောင်းဆုံးခြေစွမ်းပြလေ့ရှိတဲ့ ဘောလုံးသမားကြီး ဇလာတန် အီဘရာဟီမိုဗစ်ချ် ဟာ ဘောလုံးသမားဘဝကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ရုတ်တရက် ကြေညာလိုက်ပြီဖြစ်ပါတယ်။

အသက်(၄၁)နှစ်အရွယ်ရှိ အေစီမီလန်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ချ် ဟာ အစောပိုင်းကတော့ သူသိပ်တန်ဖိုးထားရတဲ့ ကစားသမားဘဝကို ကြိုးစားကာ ရှေ့ဆက်ကြည့်ဦးမယ်ဖြစ်ကြောင်း ဆိုခဲ့ပေမယ့်လည်း အခုအခါမှာတော့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ကာ အပြီးသတ်အနားယူခဲ့ပါပြီ။

အီဘရာဟီမိုဗစ်ချ် ဟာ အေစီမီလန်အသင်းရဲ့ ကွင်းထဲမှာ ပရိသတ်တွေ နဲ့ အသင်းဖော်တွေ အားလုံးကို မျက်ရည်တွေနဲ့ နှုတ်ဆက်သွားခဲ့သလိုပဲ ဒီ ဂန္တဝင် ကစားသမားကြီးကို အေစီမီလန် ပရိသတ်တွေကလည်း မျက်ရည်တွေနဲ့ ပြန်လည် ဂုဏ်ပြုနှုတ်ဆက်သွားခဲ့ကြတာကို တွေ့ရမှာပါ။ အကောင်းဆုံးကြိုးစားခဲ့ပြီးတာမို့ အမြဲ ဝမ်းသာဂုဏ်ယူရပါတယ် အီဘရာဟီမိုဗစ်ချ်ရေ ။



SOURCE - DAILYMAIL